အတိတ် ၆ အတိတ္ ၆
124 2 0
uni
စိတ်ရှုပ်လိုက်တာနော်
သူမနက်ကတည်းက ဘယ်နှစ်ခေါက်မြောက်မှန်းမသိ ညည်းငြူမိနေသည့်စကားကိုပဲ ထပ်ကာညည်းငြူလိုက်မိသည် ရေချိုးဆောင်ဝင်ဖို့အချိန်တန်နေပြီဖြစ်ပေမယ့်ရေချိုးဝတ်စုံသာဝတ်ထားပြီး မဝင်သေးဘဲ ပြန်ဝတ်ရမယ့်ဝတ်စုံကိုကြည့်ကာ ကြိုစိတ်ရှုပ်နေမိခြင်း...
ခါတိုင်းဆို ကိုယ်ကျပ်ဝတ်စုံတထပ် အေးတဲ့နေ့ဆို အပေါ်က သားမွေးဝတ်ရုံတထပ်ဝတ်လိုက်တာနဲ့ ပြီးပြီ
ဘယ်တော့မှ အလှပြင်လေ့မရှိသူမို့ ပင်ကိုဝါနှစ်နှစ်အသားအရေကို အသားမခြောက်ရုံ နှင်းရည်လေးလိမ်းလိုက်ရုံနဲ့ သူမရဲ့တနေကုန် အလှပြင်ဆင်မှုက ပြီးဆုံးနေပြီ
ခုတော့ ခမည်းတော်ရော မယ်တော်ရောက နန်းတက်ဘုရင်လည်းဖြစ် သတို့သားလည်းဖြစ်တဲ့ အကိုတော်ကြီးရဲ့ သိက္ခာမကျရအောင် အိမ်ရှေ့စံမင်းသမီးတစ်ပါးနဲ့ လျော်ညီတဲ့ အဝတ်အစားအဆင်အပြင်နဲ့တက်ရောက်ရမယ်လို့မှာလိုက်တာမို့ သူမ ခုလို စိတ်ရှုပ်ခံပြင်ဆင်နေခြင်းပါ
အစ်မနန်းမေ
ရေစပ်ပြီးပါပြီ
အေး
ငါလာကြည့်မယ်
သူမအတွက် ဝတ်စုံထုတ်ပေးပြီးပြီမို့ အမွှေးဆီပုလင်းတွေကို ယူလျက် ရေပူရေအေးစပ်ထားတဲ့ ရေချိုးကန်ထဲကို နန်းမေက လက်အသာနှစ်စမ်းလိုက်သည်
ရေဘယ်သူစပ်တာလဲ
ကျွန်မစပ်တာပါ
ထင်တဲ့အတိုင်း ရေစပ်သူက ကိုယ့်လူမဟုတ်ဘဲ အစ်ကိုတော် စီစဉ်ပေးထားတဲ့ အပျိုတော်ငယ်
ဒီလောက်ပူလောင်နေတာ သခင်မဘယ်လိုချိုးမှာလဲ
ငါ စမ်းလိုက်မိလို့ပေါ့
မင်းတို့..
နန်းမေ
ဆက်ပြောတော့မယ့်စကားတွေကို သိနေပြီမို့ သူမ တချက် လှမ်းဟန့်လိုက်ရသည်
မင်းတို့သွားတော့
သူလက်ပြလိုက်တာနဲ့ မိန်းကလေးအားလုံး အခုမှ အလုံးကြီးကျသွားတဲ့ပုံစံနဲ့ အဆောင်ပြင်ကို တခါတည်းပြေးထွက်သွားကြသည် သူမ ရေချိုးဆောင်ထဲတန်းဝင်လာကာ နန်းမေက အပျိုတော်တွေစပ်ထားတဲ့ရေနွေးကို အပူချိန် အနေတော်ဖြစ်အောင် ထပ်စပ်နေတာကို ကြည့်ကောင်းကောင်းနဲ့ရပ်ကြည့်နေမိသည် အသားညိုညို အရပ်မြင့်မြင့် နှာတံပေါ်ပေါ် နှုတ်ခမ်းထူထူ မျက်လုံးမျက်ခုံးကောင်းကောင်းနှင့် ပန်းပုရုပ်လိုကျော့ရှင်းမနေပေမယ့် စစ်သည်တော်တဦးလို ခန့်ညားလှပတဲ့မိန်းကလေး