အခန္း ၁၀ အခန်း ၁၀
265 6 0
uni
သူ ငိုရလွန်းလို့ ရင်ဘတ်ထဲမှာတောင် အောင့်မျက်ကာ ခေါင်းထဲမှာ တဒိန်းဒိန်းမြည်နေပြီ
သူ့နားထဲမှာ မင်းအချိုးတွေပြင် ဆိုတဲ့ ကိုကို့အသံကိုပဲထပ်ခါထပ်ခါကြားနေရသည်
သူ့ကိုမျက်နှာလွှဲပြီး
နှင်းယွန်းကို ကြည့်လိုက်တဲ့အချိန် မျက်နှာက စိုးရိမ်တကြီးနဲ့ သူမဟုတ်တော့သလိုအပြောင်းအလဲမြန်လွန်းနေသည့်
သူ့အပေါ်တခြားလူတွေနဲ့မတူဘဲ တဆင့်နှိမ့်ကာအမြဲမာထန်နေတတ်သူ ကိုကို့ရဲ့ခွဲခြားဆက်ဆံလွန်းတဲ့ အပြုအမူတွေကို ကျင့်သားရတယ်လို့မရှိနိုင်ဘဲ သူ အကြိမ်တိုင်း နာကျင်ရစမြဲ
မင်းဘာမှမစားရသေးဘူး မဟုတ်လား
တခါးဖွင့်သံကြောင့် သူ ခေါင်းထောင်ကြည့်လိုက်တော့ ကိုထက်
ဇလုံထဲမှာ ထမင်းနဲ့ဟင်းတွေသေချာနယ်ကာ ဇွန်းတပ်လျက် ယူလာပေးသည်
ကိုကိုရော
အောက်မှာ
ယွန်းနဲ့ ထမင်းစားနေပြီ
ငြိမ်းက နည်းနည်းပဲမူးသွားတာပါ
ဒီကောင်သင်တန်းမှာဒီထက်ဆိုးတဲ့ဒဏ်ရာမျိုးတွေတောင်ရဖူးတာ
ခေါင်းဆောင့်မိတာလောက်ကအပျော့ပေါ့
ဆောင့်မိတာလဲ ပါကေးပြားပေါ်မှာခြေသုတ်ဖုံရှိသေးတော့ ဘာမှမကွဲဘူး
နည်းနည်းနာသွားရုံပါ
ယွန်းလဲ ဘာမှမဖြစ်တော့ပါဘူး
ရုတ်တရက်ဆိုတော့ အရမ်းလန့်သွားတာလောက်ပါ
ရော့ ရေအေးအေးလေးသောက်လိုက်ဦး
မင်းကလဲ စွတ်အော်တာကိုး
မင်းအကိုအကြောင်းလဲ သိရဲ့သားနဲ့
သူက ယွန်း ကို အထိခံတာမဟုတ်ဘူး
မင်းကိုမှမဟုတ်ဘူး
ငါ့ကိုဆိုလဲ သူဒီလိုပဲ ဆက်ဆံမှာ
ကိုထက်က သူ့လက်ထဲ စနိုးတာဝါနဲ့ ရေဗူးလေးလာပေးကာ ထမင်းပန်းကန်ကို စားပွဲပေါ်တင်လျက် လူက ကိုကို့ကုတင်ပေါ်မှာဝင်ထိုင်လိုက်သည်
သူ ကမန်းကတန်း ကုတင်ပေါ်ကထထိုင်လျက် မျက်နှာသစ်ပစ်လိုက်ရသည်
ရေချိုးခန်းမှန်ထဲမှာမြင်ရတဲ့မျက်နှာက မို့အစ်နီရဲကာ ငိုထားမှန်းသိသာနေသည်
ကျွန်တော်လဲ သူ့ကို မထိမ်းနိုင်လို့ ကိုကိုလိမ့်ထွက်သွားတာမြင်တော့ မျက်လုံးထဲပြာသွားတာပဲ
ကိုကို ခေါင်းဆောင့်မိသွားတာမြင်တော့ ဘာမှမမြင်တော့ဘဲဖြစ်သွားတာ
ဘာတွေပြောလိုက်မိမှန်းတောင် စဉ်းစားမရတော့ဘူး