အတိတ် ၉ အတိတ္ ၉
100 2 0
uni
နှင်းစက်တွေသောက်သုံးလျက်စိမ်းစိုလှပပြီး လှချင်တိုင်းလှနေတဲ့တောအုပ်ရဲ့ နေဝင်ချိန် အေးစိမ့်သာယာမှုက သူမကို ဖမ်းစားနိုင်ခြင်းအလျင်းမရှိတော့...
နန်းမေ ကို သူ လိုက်ရှာနေရတာကြာလှပြီ အခုချိန်ထိ အရိပ်အယောင်တောင်မတွေ့သေးတဲ့အပြင် လွှတ်လိုက်တဲ့တိုက်သိမ်းကြီးပါ ပြန်ရောက်မလာတော့ သူမ ရင်ထဲမှာ ဗလောင်ဆူနေပြီ
သူမတစ်ယောက်တည်းအတွက်တော့ စိတ်ပူစရာမလို
သူမပြန်မလာရင် တခါက ရေကန်ထဲမှာပုန်းမိတုန်းကလိုမျိုး တဖွဲ့လုံးပြစ်ဒဏ်သင့်မယ့်အရေးကို တွေးပူနေမိတာ
နေ့ခင်းကတည်းက တောလိုက်ထွက်လာရင်း အရမ်းကိုလှတဲ့ သမင်ဖိုကြီးတစ်ကောင်ကို လိုက်ဖမ်းခဲ့မိသည် သူမမြားပစ်စွမ်းရည်က တော်ရုံ မုဆိုးတစ်ယောက်ထက်တောင် သာပေမယ့် ဒီသမင်ဖိုကြီးကတော့ ရအောင်ရှောင်ကာ ထွက်ပြေးသွားခဲ့သည် ခါတိုင်း တချက် တစ်ကောင်ထိနေကျမို့ သူမစိတ်ထဲမှာ မခံချိမခံသာဖြစ်လျက် မရမကခြေရာကောက်လိုက်လာခဲ့မိရင်း တောနက်ထဲ တဖြည်းဖြည်းတိုးဝင်မိရာက အခုတော့ အဖွဲ့နဲ့ လူကွဲသွားခဲ့ပြီ သူမမောင်းနှင်တဲ့အတိုင်း သမင်နောက်ကိုပဲ အာရုံစိုက်ကာ အရပ်အနားမရှိ လိုက်ခဲ့ရတာမို့ သူမမြင်းကြီးသက်တန့်ကတော့ ချွေးတွေရွှဲနစ်ကာ မောပန်းလွန်းနေတာ သူမ ခုမှပဲသတိထားမိတော့သည်
သက်တန့်ကို စမ်းချောင်းငယ်လေးမှာရေတိုက်ကာ အနားပေးရင်း သူမပါ စမ်းချောင်းဘေးက သစ်ပင်အုပ်လေးအောက်မှာလှဲအိပ်ပစ်လိုက်ချင်လှသည်
ဒါပေမယ့် မဖြစ်နိုင်သေး
ညနေစောင်းစပြုလာတဲ့အချိန် တောနက်ထဲက သားရဲတွေ သေချာပေါက်ရှိနေနိုင်တဲ့နေရာမှာ စိတ်သေလက်ချနေလို့ ဘယ်လိုမှမဖြစ်နိုင်ပါပေ
တောထဲက ပြန်ထွက်လို့မရမချင်းစိတ်ချရမှာမဟုတ်တော့ အနည်းဆုံး တောနက်ထဲ အတင်းတိုးမဝင်မိအောင် ပတ်ဝန်းကျင်ကို လေ့လာရမည်
ကံကောင်းချင်တော့ အလင်းရောင်ကျန်နေတုန်းမှာပဲ မုဆိုးလမ်းတစ်ခုကို တွေ့လိုက်ရသည်
ရှေ့လူတွေက သစ်ပင်ကို ဓားနဲ့ထစ်ပြီး အမှတ်အသားလုပ်ထားတာမို့ ထိုလမ်းကြောင်းအတိုင်းလိုက်လာရင်းက တောအုပ်တဖြည်းဖြည်းပါးလျားသည့်ဖက်ကို ပြန်ရောက်လာမှ သက်ပြင်းချရသည် ဒါပေမယ့် သူမ တောစပ်နားပြန်ရောက်ချိန်မှာ နေလုံးက အနောက်ဖက်တောင်စွယ်ကြား ငုပ်လျိုးပျောက်ကွယ်သွားခဲ့ပြီ
ဒီညအတွက်တော့ အိပ်စရာတစ်နေရာရမှဖြစ်မှာမို့ သူမ စမ်းတဝါးဝါးရှေ့တိုးလာရသည်
သူမ နန်းမေရဲ့ခြေရာကောက်ပညာကို ယုံကြည်သည်
သိပ်မကြာခင် သူမကိုလာရှာနိုင်မှာသေချာနေတာမို့ ဒီည စိတ်ချရတဲ့တစ်နေရာမှာ စောင့်နေဖို့ပဲ စိတ်ကူးမိသည် သူမတောင်ကုန်းထိပ်ကနေ အရပ်လေးမျက်နှာကိုမျှော်ကြည့်ရင်း အနောက်ယွန်းယွန်း နေဝင်ရာအရပ်မှာ မးီရောင်လက်ကနဲတွေ့လိုက်တာမို့ အဲဒီမှာ လူနေအိမ်ရှိမရှိ သွားကြည့်ဖ်ု့ပဲဆုံးဖြတ်လိုက်သည်