zawgyiကိုကိုရေ
ကိုကို
ဖွင့်ပေးပါ
ကျွန်တော်ရှိတယ်
ဒုန်း ဒုန်း ဒုန်း
ကိုကိုအိမ်ပြန်ရောက်ရောက်ချင်း အပေါ်ထပ်က စူးစူးဝါးဝါး အော်နေတဲ့သားငယ်အသံ
သူမ ရင်ထဲမှာထိတ်ကနဲဖြစ်ကာအပေါ်ထပ်ကို အမြန်ပြေးတက်လာရသည်
ထင်တဲ့အတိုင်းပင် ငြိမ်းတစ်ယောက် မာန့်ကို အခန်းသော့ခတ်ပိတ်ပစ်ခဲ့ပြီး ဘယ်ထွက်သွားလဲမသိ
သားငယ်က အော်ရငိုရလွန်းလို့ အသံတွေတောင် ပြာအက်နေပြီမာန်ရေ
မာန်မေမေလား
မေမေခဏလေးနေဦးနော် သားငယ်
မေမေ သော့ရှာလိုက်ဦးမယ်သူမ အိမ်သော့တွဲအကြီးထဲက သားတို့အခန်းရဲ့သော့ကို သားကြီးကိုပေးထားပေမယ့် သော့ပိုတစ်ချောင်းကို လိုရမယ်ရသဘောနဲ့ သူမ ယူထားခဲ့တာ
ခု အရေးပေါ်လိုချိန်ကျတော့ လူက ထူပူနေတာမို့ ဘယ်နားထားမိမှန်း ရုတ်တရက်စဉ်းစားမရချေ
အိပ်ခန်းထဲမှာလား
မှန်တင်ခုံအံဆွဲ
ထဲမှာမွှေနှောက်နေပေမယ့် သူမကိုယ်တိုင်က ထူပူစိုးရိမ်နေတာမို့ ရုတ်တရက်ရှာမတွေ့နိုင်ဒုက္ခပါပဲ
ဟင်း မဖြစ်သေးပါဘူး
နေဦး
နေဦး
သြော် သိပြီအချိန်အတော်ကြာအောင် ထိုင်စဉ်းစားနေရပြီးမှ သတိရတော့သည်
ငါ့နှယ် မေ့လိုက်တဲ့ဖြစ်ခြင်း
ကုတင်ခြေရင်းမှာ တပ်ထားတဲ့နံရံကပ်ဗီရိုလေးထဲကို ဖွင့်ရှာတော့မှပဲ လိုချင်တဲ့သော့ကိုတွေ့တော့သည်သားရေ
သားငယ်မေမေ
မေမေသော့ရှာတွေ့ပြီနော်
သူမအပေါ်ထပ်ကို ကမန်းကတန်းပြန်ပြေးတက်ပြီး အသံပေးပြီး တံခါးဖွင့်လိုက်တော့ မြင်လိုက်ရတဲ့ မာန့် ပုံစံလေးကြောင့် ရင်ထဲ ဆို့သွားရသည်
တံခါးနားက အခန်းထောင့်လေးမှာ ဒူးနှစ်ဖက်ကိုပိုက်လျက် ထိုင်နေတဲ့မာန့်ကို မျက်ရည်လည်ရွဲနဲ့တွေ့လိုက်ရသည်လေမာန်
ဘာဖြစ်သွားသေးလဲဖြူရေ
ဖြူ
ကလေးဘာဖြစ်လို့လဲအကြောက်လွန်လျက်ဒူးတွေတောင်မခိုင်ဖြစ်နေတဲ့မာန့်ကို ခုမှရောက်လာတဲ့အဖေက ပွေ့ချီခေါ်ကာ အိမ်ရှေ့ဧည့်ခန်းမှာ အသာချထားလိုက်သည်
YOU ARE READING
Romanceအခ်စ္ဆိုတာ တခါတေလ ဖူးစာမဟုတ္တ့ဲ က်ိန္စာ အချစ်ဆိုတာ တခါတလေ ဖူးစာမဟုတ်တဲ့ ကျိန်စာ