အတိတ္ ၈ အတိတ် ၈
84 2 0
uni
uni
ဘယ့်နှယ့်လဲ သမီးတော် အဆင်ပြေခဲ့ရဲ့လား
အဆင်ပြေပါတယ် ခမည်းတော်
ခမည်းတော် ခန့်မှန်းတဲ့အတိုင်းပဲ
အကိုတော်ရဲ့ မိတ်ဆွေသူငယ်ချင်းတွေထဲမှာ သမီးတော်တို့နိုင်ငံနဲ့ မဟာမိတ်ဖြစ်ချင်နေတဲ့သူ တော်တော်များပါတယ်
သမီးတော်လေ့လာလို့ရသလောက်နဲ့ မုန်တိုင်းတွေစုံစမ်းပေးထားသမျှ ခမည်းတော်ကို အစီရင်ခံစာ တင်ထားပါတယ်
အစီရင်ခံစာက ပြီးမှဖတ်တာပေါ့
အခု သမီးတော်ရဲ့ ကိုယ်ပိုင်အမြင်ကို သိချင်တာ
သူမ ခမည်းတော်ဘာသိချင်နိုင်တယ်ဆိုတာ အလျင်အမြန် တွက်ချက်စဉ်းစားလိုက်သည်
အခု အကိုတော်နန်းတက်ပွဲမှာက အကိုတော် ကျောင်းသွားတက်တုန်းကခင်ခဲ့တဲ့ ရွယ်တူ ဘုရင်ငယ်တွေ ပါသလို အင်အားကြီးနိုင်ငံတွေက အိမ်ရှေ့စံတွေ ဘုရင်တွေလည်းပါပါတယ်
ဒါပေမယ့် အိမ်ရှေ့စံမင်းသမီးဆိုလို့ သမီးတော်တစ်ယောက်တည်းပဲရှိတာ
သိလား ခမည်းတော်
ယွင်နိုင်ငံအိမ်ရှေ့စံဆိုရင် ကျွန်မက သတို့သားနှမတော်အနေနဲ့ မင်္ဂလာပွဲလာတက်တယ်ပဲထင်နေတာ
အကိုတော်က လကာၤရအိမ်ရှေ့စံလို့ မိတ်ဆက်ပေးလိုက်တော့ ဟန်တောင်မဆောင်နိုင်အောင် အံ့သြပြီး သူသိချင်တာတွေ အကိုတော့်ကို အတင်းမေးတော့တာပဲ
သမီးတော်က လက်နက်တွေနဲ့အကျွမ်းတဝင်ရှိတာကိုလဲ အမြင်ကပ်နေပုံရတယ်
စိတ်သိပ်ပျက်ဖို့ကောင်းတာပဲ
ပြီးတော့ သူ့မိဖုရားကို သမီးတော်က ရင်းရင်းနှီးနှီးပွေ့ဖက်နှုတ်ဆက်တော့ မိန်းကလေးချင်းကိုပဲ ဘာတွေသဝန်တိုနေမှန်းမသိဘူး
အမြန်လာဆွဲခေါ်သွားတယ်
သမီးတော်က အဲဒီ မိဖုရားလေးသုံးတဲ့အမွှေးဆီကို ကြိုက်လို့ ဘာအမျိုးအစားလဲပဲမေးတဲ့ဟာကို
ဟား ဟား ဟား
ယွင်နိုင်ငံက မိန်းကလေးတွေအပေါ်မှာဆက်ဆံပုံက ခမည်းတော်တို့တိုင်းပြည်နဲ့တူမှမတူပဲကိုးကွယ့်
သူတို့ဆီမှာက ဖခင်ကြီးစိုးတဲ့အသိုင်းအဝိုင်းဆိုတော့  မိန်းကလေးဆိုတာ အိမ်တွင်းမှာပဲနေပြီး ကျန်တဲ့မိသားစုဝင်တွေကို ပြုစုလုပ်ကျွေး
အချိန်တန်ရင် မိဘစီစဉ်တဲ့ လင်ယောင်္ကျားနောက်လိုက်ပြီး အိမ်ရှင်မအဖြစ် တသက်လုံး နေရတော့တာကိုး
ပညာသင်ခွင့်လည်းမရှိဘူး
မိဘတွေကလည်း သင်မပေးဘူး
တကယ်လို့လင်ယောင်္ကျားက စာတတ်ပေတတ်ဆိုရင်မှ ပြန်သင်ပေးလို့ အနည်းအကျဉ်း အရေးအဖတ်အတွက်အချက်လောက် တတ်ကြရတာ