အတိတ် ၂၃ အတိတ္ ၂၃
97 2 0
uni
မဖြစ်နိုင်ဘူး
သူမလက်ထဲက သဝဏ်လွှာပြုတ်ကျသံက တိတ်ဆိတ်နေသည့် ခန်းဆောင်တစ်ခုလုံးကို ထိုးဖေါက်ကာ ငြိမ်သက်နေသည့် လူအားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေသည်
မယုံနိုင်စရာ စာသားတွေက သူမစိတ်ကို စုစည်းမရနိုင်အောင် ဖြစ်စေခဲ့သည်
သူမ အိမ်ရှေ့စံဘဝကတည်းက ဆယ်နှစ်ကျော် အချိန်ယူ လုပ်ဆောင်ခဲ့ရတဲ့ စီမံကိန်း...
သူမအပြင် တည်ဆောက်ရာမှာ ပါဝင်တဲ့ အနီးကပ်လူယုံ တွေဖြစ်တဲ့ မုန်တိုင်းတပ်သား ငါးဆယ် အဲဒီတုန်းက လေ့ကျင့်ရေးတပ်မှူးငယ်အဆင့်ပဲရှိသေးတဲ့ လင်္ကျာ လကာၤရမြို့သစ်မှာ တာဝန်ချထားတဲ့ လက်ရွေးစင် စစ်သည် ငါးရာ တို့ကလွဲရင် ခမည်းတော်နဲ့အကိုတော်တွေတောင် အခြေအနေအတိအကျမသိစေဘဲ လျို့ဝှက်ထားခဲ့တဲ့ စီမံကိန်း
သူမ အခုချိန်ထိ အိပ်မက်မက်နေတာလို့ပဲ ထင်မြင်နေမိသည်
ုတုန်ရီနေတဲ့လက်နဲ့ သဝဏ်လွှာကို ပြန်ကောက်ကာ အစကနေပြန်ဖတ်လိုက်သည်
လကာၤရအရှင် သုန္ဓရဒေဝီ သိစေရန်
စစ်သူကြီးချုပ်တေဇာနှင့် တပ်မအား ကျွနုပ်တို့အနိုင်ရပြီး၍ သုံံ့ပန်းအဖြစ် ဖမ်းဆီးထိမ်းသိမ်းထားသည်
အသင်တည်ဆောက်ထားသော လကာၤရမြို့သစ်အား စောင့်ရှောက်သူ မြို့စောင့်တပ်အကြီးအကဲ စစ်သူကြီးလင်္ကျာမှ အခြေအငံအညံ့ခံလာ၍ ကျွနုပ်တို့သက္ကစစ်တပ်မှသူ့အား သုံ့ပန်းအဖြစ် သိမ်းယူထားပြီးဖြစ်သည် လက်ရှိမြို့တွင်းရှိ ပြည်သူများကို အထိအခိုက်မရှိ ထိမ်းသိမ်းစောင့်ရှောက်ထားသည်
ကျွနုပ်တို့ သက္ကတပ် လကာၤရခံတပ်သို့ရောက်ရှိချိန်တွင် သူ့ကိုပါ တပါတည်း ခေါ်ဆောင်လာမည်
သင့်ဖက်မှ ပညာရှိခေါင်းဆောင်ပီသစွာ ဆုံးဖြတ်လိမ့်မည်ဟုမျှော်လင့်ပါသည်
သက်သေအဖြစ် စစ်သူကြီးလကျာၤ၏ လက်သုံးဓားကို တပါတည်းပေးပို့လိုက်သည်
သက္ကဘုရင်မင်းမြတ်
သူမ ဓားကို နောက်တစ်ခေါက်ပြန်စစ်ဆေးလိုက်သည် လင်္ကျာဓားမှ လကျာၤဓားအစစ်
စတွေ့ချိန်ကစပြီး နောက်ဆုံးတွေ့ချိန်အထိ
မကြာခဏ မြင်ဖူးနေကျ လင်္ကျာကိုယ်တိုင် စိတ်တိုင်းကျသွန်းလုပ်ထားတဲ့ လက်သုံးဓား
သာမာန်ဓားတွေလိုမဟုတ်ဘဲ အသွားကို လွှသွားပုံသွန်းထားတဲ့ နှစ်ဖက်သွားဓားရှည်ကို နှစ်သက်လွန်းလို့ သူမရဲ့ပျောက်သွားတဲ့ လက်သုံးဓားအစား ပြန်သွန်းပေးတော့ အဲဒီဓားပုံစံအတိုင်း သွန်းခိုင်းခဲ့တာ
သွားပြီ
ပြည်သူတွေကို လုံခြုံအောင် ကာကွယ်ပေးဖို့ သီးသန့်ထားကာမှ အန္ဓရာယ်တွင်းထဲ တည့်တည့်မတ်မတ် တွန်းချလိုက်မိတဲ့အဖြစ်