အခန္း ၂ အခန်း၂
708 20 0
unicode
မဟုတ်ပါဘူးဆိုတာ မင်းကို ငါ ဘယ်နှစ်ခါ ရှင်းပြရမလဲ ဖြူ
ဆယ်နှစ်ရှိနေပြီ
တစ်ခါလာလည်း ဒီအကြောင်း
တစ်ခါလာလည်းဒီအကြောင်း
မင်းငါ့ကို ဒီလောက်တောင်မယုံဘူးဆို ဘာလို့ဆက်ပေါင်းနေသေးလဲ
တခါတည်းကွာရှင်းလိုက်ပါလား
ရှင်က ခုတော့ ဒီစကားပြောပြီပေါ့
ကျွန်မကိုကွာပြီးရှင်က အဲဒီဟာမနဲ့သွားပေါင်းမယ်ပေါ့လေ
ရမယ်ထင်လား
စမ်းကြည့်လေ
ကျွန်မရှင့်ကို ဘယ်တော့မှကွာမပေးဘူး
ကျွန်မက ရှင့်ရဲ့ တရားဝင်မယားကြီးနေရာကိုယူထားမှာ
ကျွတ်
မင်းကွာ
ငါ
ဟာ တော်ပြီကွာ
ဒီအိမ်မှာမနေတာပဲကောင်းတယ်
ဝုန်း
သွား
သွား
မိန်းမနဲ့သားတစ်ယောက်လုံး ရှိတာတောင် ဖေါက်ပြန်ချင်တဲ့ယောင်္ကျား
ဒီတသက် ပြန်မလာရင်ပိုကောင်းတယ်
ဖေဖေနဲ့မေမေရဲ့အခန်းက အော်ဟစ်သံ
တစ်ခုခုကိုဆွဲလှဲသံကြားလိုက်ရလို့ သူ စာဖတ်နေရာက ခေါင်းထောင်ကြည့်လိုက်ပြီး ဘေးကုတင်က မာန့်ဖက်ကို စိမ်းစိမ်းဝါးဝါးတချက်ကြည့်လိုက်သည်
စကားများသံ အော်ဟစ်သံတွေအဆုံးမှာ သူ ခါတိုင်းလို ဖေဖေ ကားမောင်းထွက်သွားတာကို ဝရံတာကနေ မျှော်ကြည့်ပြီး ဖေဖေ့ကား လမ်းထိပ်ကနေချိုးကွေ့ပျောက်ကွယ်သွားမှ သူ ဒေါသတကြီး အခန်းထဲ ပြန်ဝင်လာကာ မာန့်ကို ရှာသည်
သူ့ဒေါသတွေကို ဖေါက်ခွဲပစ်ရမည်
မာန် ကတော့ ထုံးစံအတိုင်း ကုတင်ထောင့်လေးမှာ မျက်ရည်လည်ရွဲနှင့်ကုပ်ကုပ်လေး ဒူးနှစ်ဖက်ကိုပိုက်လျက် ထိုင်နေကာ သူ့ကို အားကိုးတကြီးမော့ကြည့်သည်
ဖေဖေနဲ့မေမေ စကားများနေပြန်ပြီလား ကိုကို
ညနေတုန်းက ဖေဖေမူးလာတယ်
သူမာန့်ကို စုူးစူးဝါးဝါးကြည့်ပစ်လိုက်တော့ မာန်က ပါးစပ်လေးပိတ်ကာ အသံမထွက်အောင်ကြိတ်ရှိုက်သည်
တချိန်တည်းမှာ သူ သိတတ်စကတည်းက မေမေပြောတတ်တဲ့စကားကို ကြားယောင်လာသည်
လူတိုင်းကို ကိုယ့်လိုမှတ်ပြီး တရားသေ ယုံထားလို့မရဘူး သားရေ
မင်းဖေဖေကိုပဲကြည့်
မေမေဆိုရင် မင်းအဖေက မျက်စိရှေ့မှာတော့ သိပ်ချစ် သိပ်တာဝန်ကျေပြနေလို့ ကိုယ့်ကိုယ်ကို အိမ်ထောင်ရေးကံကောင်းလှပြီဆိုပြီး အထင်ကြီးနေတာ
ဖွတ်ထွက်မှတောင်ပို့မှန်းသိရတော့တယ်
အဲဒီတုန်းက မိုးတွေလည်းသည်းနေတော့...