အတိတ္ ၁၆ အတိတ် ၁၆
76 3 0
uni
သူ လက်သီးတင်းတင်းဆုပ်ရင်း လွှတ်တော်အဆောင်ထဲကို စိတ်လှုပ်ရှားစွာကြည့်နေမိသည် အိမ်ရှေ့စံမင်းသားက ငါးနှစ်ကျော်ကျော်ကတည်းက သိုင်းပညာလေ့ကျင့်လာသူပီပီ  ခံနိုင်ရည်ရှိလွန်းသည် အဆိပ်နှစ်မျိုးပေါင်းစပ်သည့် အရှိန်ကြောင့် တဖြည်းဖြည်း အဖျားတက်စပြုလာတာတောင် ညီလာခံကို မရအရလာတက်နေသေးသည် သားမွှေးခြုံထည်ဝတ်ထားတဲ့ကြားက တုန်ရီနေတဲ့ခန္ဓာကိုယ်
အဖျားသွေးကြောင့် နီမြန်းနေတဲ့မျက်နှာက လူမမာအဖြစ်သရုပ်ပေါ်နေပေမယ့် ခိုင်မာတည်ကြည်တဲ့မျက်ဝန်းတွေနဲ့ ဇွဲခတ်ကာ ညီလာခံမှာ လကာၤရစစ်ပွဲအတွက် လိုအပ်တဲ့ကိစ္စတွေတင်ပြနေသည်
သခင်မရဲ့အဆိပ်က အစွမ်းမပြနိုင်တော့မှာပူပန်နေမိပေမယ့် ခုချိန်ထိတော့ နန်းတွင်းသမားတော်က ရာသီအဖျားအဖြစ်ပဲ ကုသနေဆဲ
နောက်နှစ်နာရီကျော်ကျော်လောက်မှာ လောကကြီးက ထွက်ခါွရတော့မယ်ဆိုတာ မသိရှာတဲ့ အိမ်ရှေ့စံဟာ သူ့မိဖုရားက တားနေလျက်က ညီလာခံကို ထွက်ခါွသွားခဲ့သည်
သူကတော့ သခင်မမှာထားတဲ့အတိုင်း ညကတည်းက ကေလာသရဲမက်တဦးရဲ့ ဝတ်စုံကို ခိုးယူလဲလှယ်ကာ ညီလာခံအစောင့်ရဲမက်များနှင့်ရော၍ အသင့်စောင့်နေလိုက်သည် အကယ်၍ မင်းသားကို အဆိပ်မိမှန်းရိပ်မိသွားလျင် ကိုယ်တိုင် အသေခံလုပ်ကြံရုံကလွဲပြီးရွေးစရာမရှိပြီ
ခုချိန်ထိတော့ အခြေအနေကို စောင့်ကြည့်နေရုံသာ
နောက် နှစ်နာရီအထိ မင်းသားအခြေအနေမထူးခြားလျင် ကိုယ်တိုင် ဝင်လုပ်ကြံရတော့မည်
ဆောင်းနှောင်းရဲ့ မွန်းတည့်ချိန်နေရောင်က နန်းရင်ပြင်ပေါ် စူးစူးရှရှကျနေသည် နွေပေါက်တော့မည်ဆိုပေမယ့် တောင်အဆင့်ဆင့် ကာရံထားတဲ့ ကေလာသရာသီဥတုက ခပ်စိမ့်စိမ့် အေးမြနေဆဲ
သူကတော့ ဝတ်နေကျမဟုတ်တဲ့ တင်းကျပ်တဲ့ ရဲမက်ဝတ်စုံကြောင့်လား
စိတ်လှုပ်ရှားမှုကြောင့်လား မသိပေမယ့် တကိုယ်လုံးချွေးတွေစိမ့်စီးကာ လက်ဖျားတွေကတော့ အေးစက်လို့နေပြီ
မဖြစ်သင့်ဘူး အမတ်ကြီး
ဟင် ညီတော်
ညီတော်
ကိုယ်တွေလဲ ခြစ်ခြစ်တောက်ပူနေပါလား
ဘာလုပ်နေတာလဲ
သမားတော်အမြန်ခေါ်လေ
အိမ်ရှေ့စံကို သေစေချင်လို့လား