အခန္း ၆ အခန်း ၆
241 7 0
Unicode
မင်းထမင်းဘူးက ဟင်းကောင်းသားပဲကွ
ပြစမ်းပါဦး
ဟင့်အင်း
ဒါက ကိုကို့ဟာ
ကျွန်တော် ထည့်ပေးနေတာ
အကိုတို့စားချင်ရင် ဒီမှာကျွန်တော့် ထမင်းဘူး
အကုန်သာစားသွား
ရတယ်
သူ့ထမင်းချိုင့်ကို ကိုအာကာ့လက်ထဲထည့်ပေးလိုက်ပြီး ကိုကို့ထမင်းချိုင့်ကိုတော့ မြန်မြန်ဆန်ဆန်ပင် ဝှက်ထားလိုက်သည်
ကိုအာကာက ကိုကိုတို့ ကိုထက်မြက်တို့နဲ့ သိပ်မတည့်လှတဲ့ စာပြိုင်ဖက်
အဆင့် ၁ ကနေ ၁၀ ဝင်မဝင် တချိန်လုံး သူသာတယ် ငါသာတယ်ပြိုင်နေတတ်တာ
ပြဿနာကိုပိုဆိုးလာစေတာက လူပျိုပေါက်ယောင်္ကျားလေးတွေထုံးစံ မိန်းကလေးကိစ္စနဲ့ပတ်သက်ပြီး ကိုကိုနဲ့ လာငြိနေတာပင်
ကိုကိုကလည်း ကိုကို...
သူ့ကို စိတ်ဝင်တစားရေလာမြောင်းပေး လုပ်တဲ့မိန်းကလေးတွေမှအများကြီးရှိတာကိုပဲဂုဏ်ယူနေတာ
ရည်းစားအတည်တကျထားသလား
မိန်းကလေးတစ်ယောက်ကို တိတိကျကျ စိတ်ဝင်စားသလား ဆိုတော့လည်း
မဟုတ်....
သူ့ကို လာပြီးစိတ်ဝင်စားပတ်သက်သမျှ မိန်းကလေးတိုင်းကိုလည်း ပြတ်ပြတ်သားသားမဆက်ဆံဘဲ
သူငယ်ချင်းမက ရည်းစားမကျ အခြေအနေနဲ့ ပြန်ပတ်သက်နေသည်
ိုအာကာက အဲဒီလို မိန်းကလေးတွေထဲကတစ်ယောက်ဖြစ်တဲ့ နီလာဟန့်ကို စိတ်ဝင်စားတော့ လက်ယဉ်လှတဲ့ ကိုကို့ကိုလည်း ရန်မလုပ်ရဲ ကောင်မလေးကလည်း သူ့ကို ဘယ်လိုမှမတုန့်ပြန်တော့ ကိုကိုနဲ့ပတ်သက်နေတဲ့သူ့ကို လာမဲနေခြင်းပင်
ကိုကို့အလစ်မှာ သူ့ဆီက ထမင်းဘူးတင်မက မုန့်ဖိုးငွေပါ လုယူသွားတတ်လို့ သူနေ့လည်စာ ငတ်ပေါင်းလည်းများပြီ
သူကတော့ ကိုကို့ထမင်းဘူးကိုရန်ရှာမှာထက် သူသာအငတ်ခံလိုက်ချင်သူမို့ သူတို့အနိုင်ကျင့်တိုင်းရှိသမျှထုတ်ပေးနေကျပင်