အတိတ် ၁၀ အတိတ ၁၀
140 3 0
uni
အနံ့စိမ်းတစ်ခု..
ထထိုင်ဖို့ကြိုးစားပေမယ့် ခေါင်းထဲက တစစ်စစ် နာကျင်ကိုက်ခဲလွန်းမှုကြောင့် ပြန်လဲကျသွားသည် တရိပ်ရိပ်မူးဝေနေဆဲ မျက်လုံးထဲမှာ ပုံရိပ်တွေက ဝိုးတဝါး
အမြင်ကတော့မပီပြင်ပေမယ့် သူမနန်းဆောင်မှာ ရနေကျ သစ်မွှေးဆီအနံ့မဟုတ်ခြင်းက သူမ ရောက်နေတဲ့နေရာဟာ နန်းဆောင်မဟုတ်တာ သက်သေပြနေသည် သူမ နောက်ဆုံးသိတာက သက်တန့် ခြေထောက်ခေါက်လဲသွားလို့ ကိုယ်ပါ အလျင်အမြန်လိုက်ခုန်ချပေမယ့် မမီလိုက်တော့တာ
ငါသတိလစ်သွားတာ တောထဲမှာပါ
ဘယ်သူက ဒီနေရာကို ခေါ်လာတာလဲ
ကျောအောက်က အိပ်ယာက နည်းနည်းတော့မာပေမယ့် နူးညံ့တဲ့သားရေခင်းထားလို့ သက်တောင့်သက်သာရှိနေသည်
နန်းမေ
တံခါးဖွင့်သံကြားလိုက်ရလို့ သူ နန်းမေ အထင်နဲ့ ဝမ်းသာအားရလှမ်းခေါ်လိုက်ပေမယ့် ဝင်လာတာက ယောင်္ကျားတစ်ယောက်ဖြစ်နေသည် သူအိပ်ယာပေါ်က ဝုန်းကနဲ ခုန်ထကာ လက်သုံးဓားကို လိုက်ရှာသည်
ဟာ
မထနဲ့လေ
အခုမှသတိရလာတာ
လူစိမ်းရဲ့ သတိပေးသံက နောက်ကျသွားပြီ
သူခေါင်းထဲမှာမိုက်ကနဲဖြစ်ကာ ထိုးယိုင်သွားပြီမို့ ဘေးကကုတင်ကို လက်လှမ်းထောက်ထားလိုက်ရသည် ဟိုလူက သူမကို အမြန် လာတွဲကာ ကုတင်ပေါ်ပြန်ထိုင်ခိုင်းပြီးရေတစ်ခွက် သွားခပ်ပေးသည်
ရော့ ရေသောက်လိုက်ဦး
မင်းက တယ်စိတ်မြန်တာပဲ
သုံးရက်လုံးလုံး သတိလစ်နေတာတောင် သတိရလာတာနဲ့ စိတ်မြန်ကိုယ်မြန်ချက်ခြင်းထလာတယ်
သေမှာများ နည်းနည်းမှမကြောက်ဘူးလား
မင်းလိုလူမျိုးကတော့
တကယ်ပဲ
ပါးစပ်က တပျစ်တောက်တောက်ပြောနေရင်းက သူ့အမေးကိုလည်း ပြန်မဖြေ
ရေခွက်ကိုလည်း မော့မသောက်ဘဲ စိုက်ကြည့်နေတဲ့သူမကို သူသတိထားမိသွားသည်