အတိတ္ ၁၇ အတိတ် ၁၇
86 4 0
uni
ရွှီ...
အဝေးကပျံလာတဲ့တိုက်သိမ်းကြီးကို လေချွန်သံနဲ့လှမ်းခေါ်လိုက်တော့ သူမလက်ဖျံပေါ် အသာလာနားသည် လက်အိတ်ရှည်အထူဝတ်ထားတဲ့ သူမလက်ကို အရှိန်နဲ့ ကုပ်တွယ်ရင်း သူမကို စိုက်ကြည့်နေတဲ့ အချစ်တော် သိမ်းငှက်ကြီးကို အစာလှမ်းခွံ့ပြီးမှ ခြေထောက်က စာကို ဖြုတ်ယူ ဖွင့်ဖတ်လိုက်သည်
အထဲမှာပါတဲ့ စာက နှစ်ကြောင်းတည်း
လုပ်ကြံမှုအောင်မြင်သည်
အစီအစဉ်ချထားတဲ့နေရာမှာ မြေပုံနဲ့တကွစောင့်နေပါမည်
သူမ စာကို နန်းမေလက်ထဲလှမ်းပေးလိုက်ရင်း နှစ်ယောက်လုံးပြိုင်တူပြုံးဖြစ်လိုက်သည်
တပ်တွေအဆင်သင့်ဖြစ်ပြီလား
ဒီတခါ မင်းပါလိုက်ရမှာနော်
စစ်သူကြီးရဲ့လက်ထောက်အဖြစ်ထည့်ပေးလိုက်မလို့
မင်းကို တိုက်ပွဲအတွေ့အကြုံ များသထက်များစေချင်တယ်
ခုဆို ဆရာဇေယျကလည်း အသက်ကြီးလာပြီဆိုတော့ ကြံ့ခိုင်တုန်းပဲဆိုပေမယ့် အရမ်းအပင်ပန်းခံလို့မဖြစ်တော့ဘူး
မင်းတို့ကိုပဲ အားကိုးရမှာ
သခင်မစိတ်မပျက်စေရပါဘူး
ဒီစကားပဲကြားချင်တာ
မင်းတို့က ထောက်လှမ်းရေးအတွေ့အကြုံရှိတယ် ဆိုပေမယ့် တိုက်ပွဲအတွေ့အကြုံတော့ ကောင်းကောင်းမရှိသေးဘူး
ဒီတစ်ပွဲကမင်းအတွက် အခွင့်အရေးကောင်းပဲ
မင်းလေ့လာထားတဲ့ သေနင်္ဂတွေ ထုတ်သုံးဖို့အခွင့်အရေးပဲ
တဇွတ်ထိုးတော့မလုပ်နဲ့
ဆရာက ခေါင်းဆောင်ဆိုတော့ ဆရာ့စကားနားထောင်
မင်းကို ခမည်းတော် မယ်တော်တို့နဲ့ ငါရော ဆရာရော အတိုက်အခံလုပ်ပြီး ထည့်သုံးရတာ
မျက်နှာမပျက်စေနဲ့
ဒေါက် ဒေါက် ဒေါက်
တံခါးဖွင့်ထားပါတယ်
ဝင်ခဲ့ပါ ဆရာ
ဆရာ ညနေစာ သုံးဆောင်ပြီးပြီလား
ပြင်ခိုင်းလိုက်မယ်လေ
ကျွန်မတို့အတူတူ စားရအောင်
မလုပ်ပါနဲ့ မင်းသမီး
အိမ်ရှေ့စံက လက်အောက်က စစ်သူကြီးနဲ့ ပွဲတော်အတူတည်တာ မသင့်တော်ပါဘူး
ဆရာနဲ့ဆို ဘယ်နေရာ ဘယ်အချိန်မဆို သင့်တော်ပါတယ်
ကေလာသကို စစ်ချီဖို့လည်း တိုင်ပင်ရဦးမှာလေ
အခုတခါတည်း ညစာအတူစားရင်း တိုင်ပင်ရမှာပေါ့
နန်းမေ
မင်းတို့လည်း အတူစားလိုက်ပါ
ငါတို့မုန်တိုင်းညီအစ်မတွေပျော်ပျော်ပါးပါးပေါ့