အတိတ္ ၁၅ အတိတ် ၁၅
76 3 0
uni
သက်တောင့်သက်သာရှိတ့ဲအိပ်ယာပေါ်မှာ လှဲလျောင်းနေရပေမယ့် သူမ လုံးဝအိပ်မပျော်နိုင်ချေ
သူ့ကို လွှတ်လိုက်မိတာ မှားပြီလား
ထက်မြက်ပြီး သိုင်းပညာကျွမ်းကျင်သလောက် လူကလည်း ပါးနပ်လှတ့ဲ ကေလာသအိမ်ရှေ့စံဟာ သူ့နားမှာ လူသတ်ကောင်ရောက်နေတာ သိသွားနိုင်သည် လူကိုယ်တိုင်ရင်ဆိုင်မိသွားလို့ လကျၤာက တာဝန်ကျေအောင်ဆက်မလုပ်တော့ဘဲ ဝန်ခံလိုက်ဖို့တော့ သူမ မစိုးရိမ်ပါ
လကျၤာ အစီအစဉ်အတိုင်းမလုပ်နိုင်ဘဲ လွဲချော်ခ့ဲလျင် သူ့ကိုခိုင်းတာ ဘယ္က ဘယ္သူဆိုတာ တလုံးမှ ထွက်မလာခင် သူ့နောက်ကလိုက်သွားတ့ဲ မုန်တိုင်းတပ်သားက လုပ်ကြံပစ်လိုက်မှာပင်
နဂိုကတည်းက ဒီလူကို ဒီလို လျို့ဝှက်လုပ်ကြံတ့ဲကိစ္စမျိုးတွေမှာ ကိုယ့်လူတွေအစားသုံးဖို့ရည်ရွယ်ထားပြီးသားမို့ သူမဆီမွာ အမှုထမ်းလာတာ သုံးနှစ်ပြည့်ပေမယ့် အိမ်ရှေ့စံတပ်ရဲ့ဝတ်စုံလည်းပေးမဝတ်ဘဲ ကိုယ်ပေါ်မှာလည်း သူမလက်အောက်ခံလူဖြစ်ကြောင်း အမှတ်အသား တစ္ခုမွ မရှိအောင်ထားတာ
ပြဿနာက အဆိပ္ပညာကို နားမလည်တ့ဲ လကျၤာ အမှားအယွင်းတစ်ခုခုကို မသိဘဲလုပ်ခ့ဲမိမှာဖြစ်သည်
သူပေးလိုက်တ့ဲအဆိပ်ရည်က အပူနဲ့တွေ့လျင် ဓာတ်ပျယ်သွားတတ်တာမို့ တကယ်လို့ လကျၤာသာ မင်းသားရဲ့ ညစာ ထမင်းဟင်းပူပူထဲ ထည့်မိလျင် ဓာတ်ပြယ်သွားနိုင်သည် ဒါဆို အဆိပ်နှစ်မျိုးရဲ့ ပေါင်းစပ်အစွမ်းက မပြနိုင်တော့
အဆိပ်ငွေ့တစ်ခုတည်းနဲ့ဆို အိမ်ရှေ့စံရဲ့ သမားတော်က ရိပ်မိလောက်သည်
ကိုယ့်လူကလည်း ဓားရေးလှံရေး စစ်ဆင်ရေးတွေမှာ သင်လွယ်တတ်လွယ်ရှိသလောက် အဆိပ္ပညာ ဆေးပညာကျတော့ စိတ်ပဲမဝင်စားတာလား နဂို ပါရမီပဲ မပါတာလားတော့မသိ
အေတာ့ကို သင်ရခက်လွန်းသည် သူမလက်အောက်မှာနေလာတာ သုံးနှစ်ရှိတာတောင် နန်းမေတို့တုန်းက အလွယ်တကူတတ်ခ့ဲတ့ဲ ဆေးပင်တွေကို အမျိုးအစားခွဲပြီးသိမ်းဆည်းရတာတောင် သု့မှာ ခက်ခက်ခဲခဲ မှတ်သားနေရဆဲ
ဆေးတခုခုသွားယူခိုင်းလိုက်ရင် မှားတတ်လွန်းလို့ ဆေးပင်တွေအဆိပ်ပင်တွေကို သေသေချာချာပုံဆွဲရေးသားပေးပြီး သွားလေရာဆောင်ခိုင်းထားရသည် ဖေါ်ပြီးသားအဆိပ်ကို နန်းမေလို ကောက်ကိုင် အနံ့ခံရုံနဲ့ ခွဲတတ်ဖို့ဝေးစွ
မျက်စိရှေ့မှာ ပါးစပ်ထဲထည့်မကြည့်ရုံတမယ် စစ်ဆေးပြီးမှ ပြောနိုင်သည် ပုလင်းပုံစံမတူတာနဲ့ခွဲမှတ်ခိုင်းတာတောင် တခါတခါ မှားတတ်သေးသည်
အခု နှင်းပန်းအဆိပ်နဲ့ပုလဲပန်းအဆိပ်ကို ပုံစံမတူတ့ဲ ပုလင်းနှစ်မျိုးနဲ့ ခွဲမှတ်ခိုင်းရသည်
သံမဏိစကြာကိုလည်း မထိမိအောင် သေချာ အထပ်ထပ် မှာလိုက်ရသည် သွားထိလို့ ဒဏ်ရာရလာရင် သူမ်ားကို မလုပ်ကြံခင် ကိုယ္က အရင်သေနေမှ ဒုက္ခရောက်မည်