အခန္း ၉ အခန်း ၉
216 7 0
uni
ဟိတ် အရူးမလေး
ဒီမှာကြည့်လိုက်စမ်း
အား
ငြိမ်း
နင်ဘာလို့ဝင်လာတာလဲ
ပြန်ထွက်
ခုပြန်ထွက်
သူက အခန်းတံခါးဆွဲအဖွင့် လုံချည်ရင်လျားနဲ့ သူ့ဘီရိုရှေ့မှာ အဝတ်ရှာနေတဲ့ယွန်းက စူးစူးဝါးဝါးအော်ပစ်လိုက်တော့ သူ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်ရသည်
မအော်နဲ့
မအော်နဲ့
ငါ ပြန်ထွက်မယ်
ဒီမှာ ငါ နင့်ဖို့ဂါဝန်ဝယ်ထားတာ လာပေးတာ
လဲပြီး ဆင်းလာခဲ့နော်
သူ အနီရောင်ဂါဝန်ရှည်လေးကို ကုတင်ပေါ်မြန်မြန်တင်ပေးလိုက်ပြီး အခန်းပြင်ကိုပြေးထွက်လာရသည်
အခန်းပြင်ရောက်မှ သူ့ရင်တွေတဒိန်းဒိန်းခုန်နေတာကို သတိထားမိသည်
ငါဘာဖြစ်နေတာလဲ
အရင်တုန်းက ယွန်းကို ရေကူးအကျီၤ two piece နဲ့တောင်ရေအတူကူးရင်း လုံးထွေးဆော့ဖူးတာ
ခုမှ လုံချည်ရင်လျားလေးနဲ့တွေ့တာကို ဘာလို့ဒီလောက်တောင် လက်တွေပါတဆတ်ဆတ်တုန်တဲ့ထိ ရင်ခုန်နေရတာလဲ
သူခေါင်းကို ယမ်းခါထုတ်ပစ်လိုက်သည်
ထားလိုက်စမ်းပါကွာ
မာန်ရေ
ထမင်းရပြီလား
ဗိုက်ဆာနေပြီ
သူနဲ့ ကိုထက်က အိမ်ရှေ့ဧည့်ခန်းမှာ ရှုပ်ပွနေတဲ့ ပစ္စည်းတွေကို မေမေခိုင်းတဲ့အတိုင်း နေရာချရင်း နောက်ဖေးခန်းကို လှမ်းအော်လိုက်သည်
ရပြီ ကိုကို
အဆင်သင့်ပဲ
သြော်
ဒီမှာ ပင်လယ်စာပဲကြာဆံသုပ်လေး မြည်းကြည့်ပေးပါဦး
ဘာလိုနေလဲလို့
ကျွန်တော်ကိုယ်တိုင် လုပ်ထားတာ
ဘယ်လိုနေလဲ
ကိုထက်လဲစားကြည့်
မာန့်လက်ရာဆို စိတ်ချရပြီးသား
မြည်းစရာမလိုဘူး
ထမင်းစားရင်းနဲ့ပဲ အဝဆွဲတော့မယ်
မာန်ဆိုတဲ့ကောင်ကလဲ အဲဒါ တဒုက္ခ
အသုပ်ပန်းကန်ကိုကိုင်ပြီးထွက်လာရင်း ကိုထက်ကို ပါးစပ်ထဲထိ ခွံ့ကျွေးလိုက်တာ
ပါးစပ်မှာပေသွားတာတောင် လက်ခုံနဲ့ ပြန်သုတ်ပေးသေးတယ်
သူစိတ်တိုသွားရသည်
ခါတိုင်း ဟင်းမြည်းခိုင်းရင် ဘယ်သူအနားရောက်နေနေ သူ့ကိုသာ အရင်လိုက်ရှာတတ်တာ
မင်းဟာလေ
ယောင်္ကျားရော ဟုတ်တော့ရဲ့လား
တစ်နေ့ တစ်နေ့ ဟင်းတွေချက်လိုက် အဝတ်လျော် မီးပူတိုက် အိမ်သန့်ရှင်းရေးလုပ်နဲ့