အတိတ္ ၄ အတိတ် ၄
121 4 0
uni
ရွှမ်း
ရွှမ်း
ကြိမ်သံတချက်ကြားလိုက်ရတိုင်း သူမနှလုံးသားက တချက်နာကျင်ရသည်
နန်းတော်တိုင်မှာကြိုးတုပ်လျက်သား ကြိမ်ဒဏ်သင့်နေတဲ့မုန်တိုင်းတပ်သား ငါးဆယ်ရဲ့ကျောပြင်တွေက သွေးစက်လက်စီးကျနေပေမယ့် အားလုံးက စစ်သည်ပီပီ အံကျိတ်ခံနေဆဲ
ငါ့အမှားပါ နန်းမေ
ငါ့ကြောင့်ပါ
ငါ ကလေးဆန်ဆန် စနောက်ချင်ခဲ့လို့
အရူးတယောက်လို အကျိုးဆက်တွေကို မစဉ်းစားခဲ့မိလို့
ငါသာ ရေကန်ထောင့်ကြာရွက်တွေကြားမှာ ပုန်းကွယ်ပြီး မင်းတို့ကို မနောက်ပြောင်ခဲ့ရင်...
မင်းရှာတွေ့တဲ့အချိန်မှာ မင်းကို ခြောက်လှန့်ချင်စိတ်နဲ့ နန်းစောင့်တပ်သားတွေကို သတိမထားမိဘဲ ရေနစ်လို့ သတိလစ်ချင်ယောင်မဆောင်ခဲ့ရင်
ခမည်းတော်က မင်းတို့ကို ဒီလောက် ပြင်းပြင်းထန်ထန် အပြစ်ပေးမှာမဟုတ်ဘူး
မင်းလည်း ရေနစ်လို့သတိပြန်ရရချင်း ကြိမ်ဒဏ်ပေးခံရမှာမဟုတ်ဘူး
ငါ မင်းကို အသက်ကယ်နိုင်ခဲ့ပေမယ့် ငါနောက်ပြောင်တာပါလို့အမှန်အတိုင်းပြောဖို့ ဝန်လေးခဲ့လို့ လူနာဆောင်မှာနားနေရမယ့် မင်း ပြစ်ဒဏ်ကွင်းကိုရောက်နေရတာ
တော်ကြတော့
အိမ်ရှေ့စံ
ကြိမ်ဒဏ် အချက် သုံးဆယ်အရောက်မှာ နန်းမေရှေ့က ပြေးကာလိုက်တဲ့ သူမကျောပြင်ပေါ်ကို ကြိမ်လုံးတချက်က ပြင်းပြင်းထန်ထန်ကျသွားသည် ခမည်းတော်က မတားပေမယ့် နန်းမေကို ကြိမ်ဒဏ်ပေးနေတဲ့ ရဲမက်ကတော့ ကြောက်လွန်းလို့ တဆတ်ဆတ်တုန်ကာ အကြောင်သား ရပ်နေသည် ကျန်ရဲမက်တွေလည်း ကြိမ်ဒဏ်ပေးနေရာက တိကနဲရပ်သွားကာ နန်းရင်ပြင်တစ်ခုလုံး တိတ်ကျသွားကြသည် တိတ်ဆိတ်မှုကို စတင်ဖြိုခွဲလိုက်သူက လကာၤရမင်းကြီး မဟာသုဒတ္ထ..
သုန္ဓရ
တော်တော်သတ္တိရှိနေတယ်ပေါ့လေ
နန်းဆောင်ကတဖဝါးမှ ထွက်ခွင့်မပြုဘူးလို့ပြောထားတာ ခမည်းတော်စကားကို အလေးမထားတာလား
သူမ ခမည်းတော်ရှေ့မှာ ဒူးထောက်ချလိုက်သည် ဘာပဲဖြစ်လာလာ ရင်ဆိုင်ဖို့ဆုံးဖြတ်ပြီးသားမို့သူမ စိတ်ကရဲရင့်နေပြီ