အတိတ် ၂၅
92 4 0
uni
ကဲ အခု ဘယ်လိုလုပ်မလဲ
ရေကျုံး ကုန်းကျုံးကို ကျော်နိုင်ရင် ပြီးပါပြီ
လကာၤရကို ရသလိုပါပဲဆို
ဒီလောက်ပြင်းတဲ့အဆိပ်မြားတွေ လူးလာခတ်နေမှာကို မင်းမသိတာလား
တမင်မပြောတာလား
ကျွန်တော်မျိုး...
အား...
စစ်သူကြီးကျော်စွာရဲ့တုန့်ပြန်သံကို ဒဏ်ရာပေါ် သံပူဖြင့် ကပ်လိုက်ရာမှ ထွက်ပေါ်လာသည် ညှော်နံ့နှင့် ရဲမက်ငယ်၏ စူးစူးဝါးဝါး အော်သံက ဖုံးလွှမ်းသွားသည်
မြှားနှုတ်ရင်သတိထားကြနော်
ကိုယ်ထဲမှာ မြှားသွား ကျိုးပဲ့ကျန်ရစ်လို့ကတော့ ဘယ်နည်းနဲ့မှ ကယ်မရတော့ဘူး
လက်မောင်းတွင်
မြားတန်းလန်းစိုက်ပါလာသည့် စစ်သည်က ကိုယ်တိုင်ဆွဲနှုတ်ဖို့ကြိုးစားသည်ကို သူနာပြုစစ်သည်များက တားဆီးလျက် လုံးဝအလှုပ်အရှားမရှိအောင် ချုပ်ကိုင်ထားကြသည် သူနာပြုစစ်သည်အမျိုးသမီးက လက်မောင်းရင်းကို သေသေချာချာကိုင်ကာ မြှားသွားလုံးဝ မကျန်ရစ်အောင် ဂရုတစိုက် နှုတ်ယူနေသည်
သမားတော်ကြီးက တဆတ်ဆတ်တုန်ကာ သွားစေ့နေသည့် ရဲမက်ငယ်ကို  သူနာပြုစစ်သည်များအကူအညီဖြင့် အတင်းပါးစပ်ဖြဲ၍ ဆေးရည်ဝင်အောင်တိုက်နေရသည်
ဒဏ်ရာရရဲမက်တွေ တသုတ်ပြီးတသုတ် တဲတွင်းကို ထမ်းစင်နှင့်တသွယ် ပွေ့ချီလျက်တနည်း ခေါ်လာသည် လမ်းလျှောက်လျင် အဆိပ်ပိုပြန့်မည်စိုးသောကြောင့် လူနာတွေကို အလှုပ်အရှားပင်မရှိအောင် သတိထား ရွှေ့ကြရ၍ သူနာပြုစစ်သည်များ ပိုပင်ပန်းကြရသည်
တစ်ယောက်မှ ဒဏ်ရာအပြင်းအထန်မပါသော စစ်သည်များက တချို့ဆိုလျင် ရှရာလေးတစ်ခုနှင့်ပင် လူနာဆောင်သို့ရောက်လာခြင်း
သို့သော် မြားဒဏ်ရာကြီးသည်ငယ်သည်က အကြောင်းမဟုတ်
မြှားမှာလူးသုတ်ထားသည့်အဆိပ်ကသာ လူသတ်လက်နက်ဖြစ်၏
လကာၤရစစ်သည်တို့သည် တကယ်တမ်း ရင်ဆိုင် တိုက်ပွဲဆင်ရလျင် လူအင်အား လက်နက်အင်အားအရ မိမိတို့ကို မယှဉ်သာမှန်းသိနှင့်ပြီးဖြစ်သည်  မြို့ရိုးပေါ်မှ မြှားမိုးရွာချလိုက်စဉ်ကပင် အဓိက ရည်ရွယ်ချက်က လူသတ်ရန်တစ်ခုတည်းမဟုတ်
အင်အားပိုကြီးသော သူတို့တပ်ကို လကာၤရမြို့ရိုးနား မကပ်နိုင်ဘဲ စစ်ကူရောက်လာသည်ထိ တတ်နိုင်သရွေ့ အချိန်ဆွဲထားနိုင်စေရန် နှင့်
မြှားမှအဆိပ်ဒဏ်ကြောင့် သူတို့တပ်များ ဖရိုဖရဲဖြစ်ကာ ရေကျုံး ကုန်းကျုံးများကြား ရန်သူ့လူအင်အားကို အမှည့်ချွေ ချွေရန်သာ
သူတို့ရည်ရွယ်ချက် အောင်မြင်ကြောင်းကိုလည်း ကိုယ့်ဖက်က တစ်ပတ်အတွင်း ရှုံးနိမ့်ခဲ့သော တိုက်ပွဲ ကိုးပွဲနှင့်အတူ ထက်ဝက်ကျော်မျှ လျော့ပါးခဲ့သော လူအင်အားက သက်သေပြခဲ့ပြီ လူမသေဘဲ မစွမ်းမသန် အရူးလုံးလုံးဖြစ်ကျန်သူက ထိုလူတွေရဲ့ ထက်ဝက်
လူနာဆောင်မှာ မနည်း အသက်လုနေရသူကလည်း တဖွဲဖွဲ တိုး၍သာလာနေသည်