အတိတ္ ၂၁ အတိတ် ၂၁
81 2 1
uni
သခင်မ
ကျွန်တော်မျိုးတို့ နယ်ခြားစောင့်တပ်ကို သက္ကတပ် အင်အား ထောင့်ငါးရာနဲ့ ဝင်တိုက်လို့ နယ်ခြားစောင့်တပ် ပျက်သွားပါပြီ
တပ်ကူ..
တပ်ကူလွှတ်ပေးဖို့  စစ်သူကြီးက အကြောင်းကြား...
သွေးသံရဲရဲ ဒဏ်ရာနှင့် နန်းရင်ပြင်ထိ ပြေးဝင်လာသော ဆက်သားငယ်မှာ အမောဖေါက်နေသည့်ကြားမှ အားကုန်ထုတ်ပြောအပြီး စိတ်လျှော့လိုက်သဖြင့် ဆုံးအောင်ပင်မပြောနိုင်ဘဲ သတိလစ်လဲကျသွားရသည် နောက်ကျောမှသည် ရင်ဘတ်အထိ ထုတ်ချင်းဖေါက်ဝင်နေသော မြှားဒဏ်ရာနှင့် ဆက်သားစစ်သည်ငယ် နန်းတော်ကို အရောက်လာနိုင်ခြင်းက လမ်းခရီးကို မှတ်မိနေသည့် စစ်မြင်းအလိမ္မာကြောင့်သာ
တောက်
အင်အားထောင့်ငါးရာ..
လက်တဆုပ်စာပဲရှိတဲ့ နယ်ခြားစောင့်တပ်ကို အင်အားထောင့်ငါးရာနဲ့ဝင်တိုက်သတဲ့ တော်တော်လည်းတော်တဲ့ သက္ကတပ်ပဲ
မှူးမတ်တွေလည်း ခဏတော့ မင်သက်မိကာ မမျှော်လင့်ထားတဲ့သတင်းအတွက် ဘာစကားမှမပြောနိုင်ဘဲ ဖြစ်နေကြသည် ဘုရင်မရဲ့ ဒေါသကတော့ နန်းဆောင်တခုလုံးပြာကျလုတမျှ
အခု နယ်စပ်ခံတပ် ရာစုမြို့ကျသွားပြီ
သေချာပေါက် တစ်မြို့ပြီးတစ်မြို့သိမ်းပိုက်ပြီး အပြင်းချီလာမှာပဲ
စစ်ဖက်အရာရှိအားလုံး ဒီည အရေးပေါ် စစ်ရေးညီလာခံကျင်းပမယ်
မနက်ဖြန်မိုးလင်းတာနဲ့ ငါကိုယ်တိုင် စစ်ချီမယ်
မသင့်တော်ပါဘူး သခင်မ
ချင့်ချိန်တော်မူပါ
သခင်နယ်စပ်မြို့လေးတမြို့ကို ပြန်သိမ်းပိုက်ဖို့က ကျွန်တော်မျိုးတို့ စစ်သည်ရဲမက်တွေရဲ့အရာပါ
ဆရာဇေယျကိုယ်တိုင်တောင် အပင်ပန်းခံဖို့မလိုပါဘူး
ကျွန်တော်မျိုး မနက်လင်းတာနဲ့  တပ်ထွက်ပြီး ခံတပ်မြို့ကို သိမ်းပိုက်ထားတဲ့ သက္ကစစ်သူကြီးကို သခင်မလက်အရောက်အပ်ပါ့မယ်
ကောင်းပြီ လင်္ကျာ
ဒီအရေးကို မောင်မင်းအရာပဲ ရှိပါစေ
ဒါပေမယ့် နောက်ခံအင်အားတပ်တွေအသင့်ဖြစ်နေရမယ်
အခု စစ်သူကြီးဇေယျနဲ့ စစ်သူကြီး တေဇာ တပ်မတွေအားလုံး အသင့်ဖြစ်နေဖို့တာဝန်ယူ
တစ်နိုင်ငံလုံးက အသက် ဆယ့်ခြောက်နှစ်ကနေ လေးဆယ်ကြား ကျန်းမာသန်စွမ်းတဲ့ ယောင်္ကျားမိန်းမ အားလုံး တပ်သားအဖြစ် သက်ဆိုင်ရာတာဝန်တွေ ထမ်းဆောင်ဖို့ ပြန်တမ်းထုတ်လိုက်ပါ
နောက်သုံးရက်မြောက်မနက်ကို နောက်ဆုံးထားပြီး အနီးဆုံးတပ်ရင်းကို သတင်းပို့ပါစေ
အကြောင်းရင်းခိုင်ခိုင်လုံလုံ မရှိဘဲ ပျက်ကွက်သူ သေဒဏ်