အတိတ္ ၃၁ အတိတ် ၃၁
59 0 0
မီးတွေ...
ပူလောင်လွန်းတဲ့မီးတောက်တွေက သူမကို ဝိုင်းရံထားသည် ခြစ်ခြစ်တောက်ပူလောင်နေတဲ့မီးတောက်တွေက ညအမှောင်ကို နေ့အလား လင်းထိန်နေစေပေမယ့် ကျော်ဖြတ်စရာလမ်းကျတော့ ရှာမတွေ့နိုင်..
အား
သူ ရှေ့တစ်လှမ်းတိုးလိုက်တိုင်း မီးနံရံကြီးတစ်ခု ပေါ်လာသလို ခြေလှမ်းတိုင်းမှာ မီးလျံ မီးခဲ အတိခင်းထားသည့် မြေပြင်ကိုသာ နင်းမိသည်
သခင်မ..
နန်းမေ..
နန်းမေ မင်း ဘယ်မှာလဲ
ငါ လာခဲ့မယ်
ရုတ်တရက် သူ့ဘေးကပေါ်လာတဲ့အရိပ်လေးကို အမြန်လှမ်းဆွဲကာ ပြေးထွက်လာမိသည်
ဟင် မင်း..
သစ္စာဖေါက်
မီးလွတ်ရာ မြက်ခင်းပြင်မှာ ရပ်မိတော့ သူူ့လက်ကိုဆွဲထားသူက နန်းမေမဟုတ်တော့
အို စပြီး ဆွဲခေါ်လာကတည်းက မဟုတ်ခဲ့
မလွှတ်လိုက်ပါနဲ့
ကျွန်တော့လက်ကို ဆွဲထားပေးပါ
လွှတ်
ငါ့လက်ကိုလွှတ်
အဝေးက ပြေးလာနေတဲ့ နန်းမေကို မြင်နေရပြီမို့ ဆွဲထားတဲ့ လင်္ကျာရဲ့ လက်ကို အားကုန်ရုန်းကာ ပြေးလာမိသည်
နန်းမေ ငါလာပြီ
သခင်မ
အင့်..
သူမဆီကို အရှိန်နှင့်ပြေးလာသော နန်းမေက လမ်းတဝက်မှာပင် ပြိုလဲကျသွားသည် နန်းမေနောက်ကျောမှာတော့ ဓားရှည်တစ်ချောင်းက ရင်ဝကိုပြန်ထွက်လာသည်အထိ အရုပ်ဆိုးစွာ စိုက်ဝင်နေသည်
နီမြန်းတဲ့ နှုတ်ခမ်းတွေကို ဖွင့်ဟ လိုက်သော်လည်း စကားလုံးများအစား ထွက်အံကျလာသည်က သွေးရဲရဲများသာ...
သုန္ဓရ
လကာၤရဘုရင်မဆိုပြီးသွေးနထင်ရောက်နေတဲ့ ကလေးမလေးပဲ
မင်း ငါ့ကို နိုင်မယ်ထင်နေလား....
မင်းလို မလောက်လေးမလောက်စား ကလေးမလေးက ငါ့လိုတိုက်ပွဲအလီလီတိုက်ထားပြီးသား ဘုရင်ကို အံတုချင်သေးတယ်