အတိတ္ ၂၉အတိတ် ၂၉
84 0 0
Uni
လွန်ခဲ့တဲ့ ရက်ပိုင်းအထိ ကိုယ့်ခန်းဆောင်ထဲမှာ ကိုယ်ကိုယ်တိုင် အကျဉ်းသားဖြစ်ရမယ်လို့ တစုံတယောက်က လာပြောရင် အဲဒီလူကို စကားတစ်ခွန်းမှ ထပ်မပြောနိုင်အောင် လျှာဖြတ်ပြီး အကျဉ်းချပစ်မိမည် ခုတော့ မယုံကြည်နိုင်စွာ နင့်နင့်သီးသီး နာကျင်နေတဲ့ သူမနှလုံးသားကို သူမရဲ့ လက်နဲ့ခြေမှာ ခိုင်မြဲစွာ ချည်နှောင်ထားတဲ့ သံကြိုးတွေက ဟားတိုက်လှောင်ပြောင်နေကြပြီ သူမ ဘာတစ်ခုမှ မလုပ်နိုင်အောင် လက်နက်ကို သိမ်းယူသွားရုံသာမက သူမအနားမှာရော အခန်းဝမှာပါ လက်နက်ကိုင်စစ်သည် ငါးဆယ်ထက်မနည်း စောင့်ကြည့်နေကြသည် နေမွန်းတည့်ချိန်မှာ သူမအတွက် စားဖိုဆောင်အပျိုတော်တွေက နေ့လည်စာ လာဆက်ပေမယ့် သူမ တစ်ဇွန်းမှပင် မစားနိုင်ရှုံးနိမ့်မှုကြောင့်ရသော စိတ်ဝေဒနာက ကိုယ်ခန္ဓာမှ ဝေဒနာအားလုံးကို ကျော်လွန်ကာ အသွေးအသားတွင်းထိ လောင်မြိုက်နာကျင်နေစေသည်ပွဲတော်မတည်နိုင်ရင်တောင် သွေးအားဖြည့်ဆေးရည်လေးတော့ သောက်လိုက်ပါ သခင်မရယ်ကွန်တော်မျိုးမကိုယ်တိုင်စီမံလာတာပါစားတော်ကဲ ဒေါ်လပြည့်က ဆေးခွက်ငယ်တစ်ခုကို သူမ နှုတ်ခမ်းဖျားမှာ ချော့မော့ တေ့ပေးလိုက်သည် အနံ့စူးရှပေမယ့် အရသာချိုအီတဲ့ဆေးရည်တွေကို တစ်ခွက်လုံးကုန်အောင် သိမှတ်မဲ့မျိုချနေမိသည် သမားတော်မိန်းမပျိုလေးက သူမဝမ်းဗိုက်မှဒဏ်ရာကို ဆေးကြောသန့်စင်ကာ ပတ်တီးတင်းတင်းစည်းပေးသည် သူတို့က သွေးများစွန်းထင်နေသည့် ဝတ်ရုံကို ဖြုတ်ခါွဖို့ ကြိုးစားတော့ သူမ အသိစိတ်ဖျတ်ကနဲဝင်လာကာ ဖယ်ထုတ်လိုက်သည်ဒါပေမယ့် သခင်မ..တစ်ယောက်တည်း နေချင်တယ်ဒါပေမယ့် သခင်မ ဝတ်ရုံက..ငါ့ဖါသာလဲနိုင်တယ်သွားကြ ..သွား..သူမအတွေးထဲမှာ အကြောင်းအရာမျိုးစုံနှင့်အတူ ပဟေဠိများဝဲလည်လှုပ်ရှားနေကြသည် သူမတိုင်းပြည်ကို ကာကွယ်ဖို့ကြိုးစားထားသမျှ ပျက်စီးခဲ့ရပြီမုန်တိုင်းတပ်ကတော့ ပြည်သူတွေ အန္ဓရာယ်ကင်းကင်းနဲ့ အစ်ကိုတော့်ဆီကိုခေါ်ထုတ်သွားနိုင်မှာပါ နေပြည်တော်ကို အကာအကွယ်ပြုထားသည့် ထောင်ချောက်တွေကို သက္ကဘုရင် ကျော်လွှားနိုင်ပုံကို သူမတွေးလိုက်မိသောအခါ သူမ အံတင်းတင်းကြိတ်လိုက်မိသည် သူမနှင့်တစ်ယောက်ချင်း ဓားရေးယှဉ်ဖို့ စိန်ခေါ်ခဲ့ပါလျက် သူ့ဖက်က အရေးနိမ့်ဟန်ပြသည်နှင့် ကတိဖျက်ပြီး တပ်အင်အားသုံးကာ အနိုင်ယူခဲ့သည် သူမဓားမှာ အဆိပ်ပါတာကိုလည်း သိနေခဲ့သည် ဒါကတော့မဆန်းပါ ဆန်းတာက သူက သုံးသည့် အဆိပ်အမျိုးအစားကို ဖြေဆေးနဲ့တကွ သိနေခြင်းပင်နန်းမေလင်္ကျာမင်းတို့ ဘယ်ရောက်နေပြီလဲငါ မင်းတို့ကို ကာကွယ်မပေးနိုင်တော့ဘူးနန်းမေတိုင်းသူပြည်သားတွေကို ကောင်းကောင်း စောင့်ရှောက်ပေးပါမင်းအသက်ရှင်နေတာ ငါ့အတွက်ဆိုတာ ငါသိတယ်မင်းကို ငါ စတွေ့တုန်းက တစ်ကြိမ်ပဲ ကာကွယ်ပေးခဲ့ပြီး မင်းကိုတော့ တသက်လုံး ငါ့ကို ပူပန်ပြီး ကာကွယ်ပေးနေရလို့ ပင်ပန်းစေခဲ့တယ်လင်္ကျာမင်းကို သက္ကဘုရင်က ကွပ်မျက်လိုက်လောက်ရောပေါ့မင်း အခု ငါ့ကို တမလွန်က ကြည့်နေသလားမင်းစိတ်မကောင်းဖြစ်နေမလားငါ့ကိုရော စိတ်ဆိုးနေမလားမင်းအသက်ပေး ကာကွယ်ခဲ့တဲ့ လကာၤရတိုင်းပြည်ကို ငါ မကာကွယ်နိုင်ခဲ့ဘူးသခင်မ ခဏနားလိုက်ပါဦးမအိပ်တာ သုံးရက်ရှိပြီမဟုတ်လားတိုက်ပွဲပြီးပြီးချင်းမှာပင် သက္ကဘုရင်ကိုယ်စား အမတ်ချုပ်က လကာၤရနိုင်ငံကို သက္ကလက်အောက်ခံအဖြစ် ကြည်ဖြူစွာ ပေးအပ်ကြောင်း စာချုပ်မှာ လက်မှတ်ရေးထိုးစေခဲ့သည် သူမက ဘုရင့်ရှေ့မှာမှ လက်မှတ်ထိုးမည်လို့ ပြတ်ပြတ်သားသားပြောလိုက်သည် သက္ကအမတ်ချုပ်က မထင်မှတ်ဘဲ အလွယ်တကူ အလျှော့ပေးသွားတော့ သူမ အံ့အားသင့်ခဲ့ရသည်ငါ ဘာမှမဖြစ်ပါဘူးရေတစ်ခွက်သာပေးလာဆက်သသည့်ရေခွက်ကို နှုတ်ခမ်းမှာတေ့လိုက်မိမှ သူမ ရေဘယ်လောက်ထိငတ်နေတာကို သတိထားမိသည် အေးမြနေသောရေကို တစ်ခွက်ပြီးတစ်ခွက် မော့သောက်နေမိသည်မှာ တကောင်းတစ်ခုလုံး ပြောင်စင်သွားသည်အထိခြေသံဖွဖွလေးက နားစည်ကို ရိုက်ခတ်လာချိန်မှာ သူမ သောက်လက်စရေကို ပြန်ချထားလိုက်သည် မတ်တပ်ရပ်ပြီး ကြိုဆိုရလောက်အောင်တော့ သူမ မပျော့ညံ့နိုင်လကာၤရဘုရင်မကို အချုပ်ခန်းထဲတောင်မထည့်ချင်လို့ နန်းဆောင်ထဲချုပ်ထားလို့ ပြောတာ ဒီလက်ထိပ်တွေက ဘာလဲမင်းတို့ဒါလေးတောင်မျက်နှာမလွှဲရဘူးခုဖြုတ်ပေးလိုက်ကြာတယ်ကွာသော့ပေးစမ်းရောက်လာတာနဲ့ သက္ကတပ်သားတွေကို အော်ဟစ်ရင်း လက်ထိပ်ခြေထိပ်တွေကိုဖြုတ်ပေးနေတဲ့ သက္ကဘုရင်ကိုသူမ မျက်နှာလွှဲလိုက်သည် ခုတော့ သေချာ ကြည့်မိပြီ အစ်ကိုတော်ရဲ့မင်္ဂလာပွဲမှာ တွေ့တုန်းကထက်တော့ ပိုရင့်ကျက်သွားသည် လောလောလတ်လတ် အဆိပ်မိထားလို့ မျက်နှာက ဖြူဖျော့အားယုတ်နေပုံပေါက်ပေမယ့် အမူအယာကတော့ ဖျတ်ဖျတ်လတ်လတ်ဖြစ်နေပုံထောက်တော့ ဖယောင်းငွေ့နဲ့အဆိပ်ဖြေလိုက်ပြီးသား ဖြစ်ပုံရသည် အဆိပ်ဖြေရင် ချွေးထဲကနေ တဆင့် ထွက်သွားအောင်လုပ်တဲ့နည်းနဲ့ထုတ်ရတာမို့ အဆိပ်တွေထုတ်ပစ်လိုက်ပြီးမှ ရေချိုးထားပုံရသည် သူမအနားကပ်လာချိန်မှာ အမွှေးနံ့ဖျော့ဖျော့ကို ရလိုက်သည် သူမအနှစ်သက်ဆုံးဖြစ်တဲ့ သံပုရာခွံနဲ့ သနပ်ခါး နံ့သာဖြူတို့ကို အဆီထုတ်ပြီး အချိုးကျ ပေါင်းစပ်ထားတဲ့ ရနံ့...မင်းကို အခုလို ကျန်းကျန်းမာမာပြန်တွေ့ရတာ ငါ တကယ် ဝမ်းသာပါတယ် သုန္ဓရသက္ကဘုရင်က ထိုင်ခုံမှာ အသာအယာဝင်ထိုင်ရင်း သူမဆီကို အကြမ်းပန်းကန် လှမ်းပေးလိုက်ပုံက သူကပဲ ဒီနန်းတော်ရဲ့ အရှင်သခင်လိုလိုအစ်ကိုတော့်ငယ်ပေါင်းသူငယ်ချင်းက ဒီလောက် ယုတ်ကန်းမယ်မှန်းသိရင် စတွေ့တဲ့အချိန် ဓားရေးယှဉ်ကတည်းက အသေသတ်လိုက်ပါတယ်ငါ မင်းနဲ့ မျက်နှာချင်းဆိုင်မတွေ့ခင်အထိ မသိခဲ့ဘူး လကာၤရဘုရင်မက မင်းမှန်းကြိုသိခဲ့ရင် ငါ လကာၤရကို စစ်ချီဖို့ ကြိုးစားမှာမဟုတ်ဘူးငါ သစ္စာဆိုရဲတယ်ဟက်...သူမလှောင်ရယ်လိုက်တာကို သူ စူးကနဲ လှမ်းကြည့်ပြီးမှ ခေါင်းခါယမ်းရင်း အသာပြုံးလိုက်ပုံကို သူမ မနှစ်မြို့နိုင်အောင် ဖြစ်သွားမိသည် သူ့အမူအယာက မနိုှင်းယှဉ်ချင်ပေမယ့် သူ ဆိုးနွဲ့တိုင်း ကလေးတစ်ယောက်လို ကြည့်ပြီးပြုံးနေတတ်တဲ့ ခမည်းတော်တို့ အစ်ကိုတော်တို့နဲ့ တူနေတာတော့ အမှန်...ဒါတွေထားလိုက်ပါလေမင်းလည်း ကြားချင်မှာမဟုတ်ပါဘူးမင်းသိပ်သိချင်နေမယ့် မေးခွန်းတစ်ခုကို အဖြေပေးဖို့ ...ငါတို့နှစ်ယောက်ကြားမှာ ညှိနှိုင်းစရာရှိတာလေးတွေ ညှိယူဖို့ အချိန်တစ်ခုတော့ ပေးရလိမ့်မယ်ဒါတွေမလိုတော့ဘူးဘာပဲဖြစ်ဖြစ် ကျွန်မက ရှင့်လက်ထဲမှာပဲရှင် ကျွန်မကို ခုမသတ်လည်း နောင်သတ်မှာပဲမင်းကို ငါ မသတ်ပါဘူးမသတ်တဲ့အပြင် ငါ့အနားမှာထားမှာမင်းကို ငါ ဘယ်လောက်စွဲလမ်းတယ်ဆိုတာ မင်းသိရင် အတော် အံ့သြသွားလောက်တယ်ဒါတွေထားပါမင်းမှာ ငါ့အတွက်မေးခွန်းတွေရှိနေတာ မြင်နေရတယ်မင်းသိချင်တာအားလုံးအတွက် ငါ့မှာအဖြေရှိလိမ့်မယ်ကျွန်မနားကိုပို့ထားတဲ့ ရှင့်သူလျိုက ဘယ်သူလဲဘယ်လိုလူမို့လို့ လကာၤရမြို့သစ်အကြောင်း သိအောင်စုံစမ်းနိုင်ခဲ့တာလဲမေးမှမေးပါ့မလားလို့...ငါထင်ပါတယ်လေမင်းတို့ ဒီလောက်လျို့ဝှက်ထားပြီး တော်ရုံစစ်သူကြီးငယ်တွေကိုတောင်ပေးမှမသိတာအဲဒီအကြောင်းတွေကို စုံစမ်းဖို့ ငါကိုယ်တိုင် အသက်ဆယ်နှစ်ကတည်းက လက်သပ်မွေးထားတဲ့ လူယုံကိုထည့်ပေးလိုက်တာပဲငါ တက္ကသိုလ်ပြည်မှာ ပညာသင်ပြီး ပြန်လာတဲ့အချိန်ကစပြီး နန်းတောင်မတက်ရသေးတဲ့ အိမ်ရှေ့စံဘဝကတည်းက ခမည်းတော်ရဲ့ လူယုံစစ်သူကြီးရဲ့သား ကျော်စွာ ကို ထည့်ပေးခဲ့တာဒါပေမယ့်မင်းကို ငါ လျှော့တွက်လိုက်မိတယ်ပြောစမ်းပါငါ တသက်လုံး ဆယ်နှစ်သားကတည်းက အချိန် ဆယ့်ငါးနှစ်ယူပြီး လေ့ကျင့်ပေးထားတဲ့....အရေးပြီးရင် သူ့ထက် အတွေ့အကြုံရင့်ကျက်တဲ့ စစ်သူကြီးတွေကို ကျော်ပြီး စစ်သူကြီးချုပ်ရာထူးကို တန်းပေးပါ့မယ်လို့ မက်လုံးပေးထားတဲ့ စစ်သူကြီးကျော်စွာကို မင်းတစ်ယောက်အတွက်နဲ့ ဘာမှမမြင်တော့ဘဲ မိသားစုကိုရော နိုင်ငံကိုပါ သစ္စာဖေါက်သွားတဲ့အထိ မင်းဘယ်လို စိတ်ညှို့လိုက်သလဲကျော်စွာဆိုတာ...လင်္ကျာ..ဟုတ်တယ် လင်္ကျာမင်းသိပ်ယုံကြည်နေတဲ့ ပန်းပဲသမားတဖြစ်လဲ လကာၤရစစ်သူကြီး လင်္ကျာဆိုတာ မင်းသိပ်သိချင်တဲ့ သက္ကသူလျို ကျော်စွာ ပဲမင်းဆီမှာ ငါးနှစ်ကျော် အမှုထမ်းသွားတဲ့ လူကေလာသအိမ်ရှေ့စံကို လုပ်ကြံပေးပြီး ကေလာသတိုင်းကိုတောင် ရအောင် သိမ်းပိုက်ပေးခဲ့တဲ့သူပဲငါကိုယ်တိုင် လက်သပ်မွေးပြီး မင်းကို လုပ်ကြံဖို့လွှတ်လိုက်တဲ့သူက မင်းကို မလုပ်ကြံတဲ့အပြင်မင်းအတွက်နဲ့ ငါ့ကို သစ္စာဖေါက်ပြီး သက္ကတပ်တွေကို မင်းရဲ့ ကျုံးတွေအကြောင်း အမှန်အတိုင်းမပြောပြခဲ့လို့ လကာၤရမြို့သိမ်းတိုက်ပွဲတစ်ခုတည်းနဲ့ မင်းအစ်ကိုတော်သုံးယောက်ရဲ့ နေပြည်တော်တွေကို သိမ်းတုန်းက တိုက်ပွဲအားလုံးမှာ ငါဆုံးရှုံးခဲ့တဲ့ စစ်သည်ပမာဏလောက် ငါ့ဖက်က ဆုံးရှုံးလိုက်ရတာတင်းတင်းဆုပ်ထားတဲ့ လက်က လက်သည်းတွေက သူမ လက်ဖဝါးမှာစိုက်ဝင်နေသည်အစ်ကိုတော်တို့ကို လုပ်ကြံခဲ့ဲတာရော သူပဲလားဒါတော့ သူမဟုတ်ဘူးတခြားလူပဲမိန်းကလေး သုံးယောက်ပေါ့အစကတော့ ဒီအတိုင်း အစေခံအဖြစ်ပဲ ပို့လိုက်တာနောက်တော့ မင်းအစ်ကိုတော်ကြီးဆီပို့လိုက်တဲ့ မိန်းကလေးက အထူးအာဏာရ ကြင်ယာတော်ကြီးအဆင့်နဲ့ခစားရတယ်ကျန်တဲ့နှစ်ယောက်ကတော့ ဆောင်ရမိဖုရားငယ်အဆင့်လောက်ပဲ တက်လှမ်းသွားတယ်အင်း မင်းတို့ မောင်နှမတွေမှာ ပီယဆေးများရှိသလားငါ့လူယုံတွေအားလုံး မင်းတို့ကို အရူးအမူးစွဲလမ်းနေကြလု့ိလေဘာဟုတ်တယ်မင်းအစ်ကိုတော်သုံးယောက်ကို လုပ်ကြံခဲ့တဲ့ မိန်းကလေးတွေအားလုံးသူတို့တာဝန် သူတို့ကျေပြွန်ခဲ့ကြတယ် မင်းအစ်ကိုတော်တွေကို စစ်ပွဲမတိုင်ခင် လုပ်ကြံပေးခဲ့တယ် ဒါပေမယ့် အဲဒီမိန်းကလေးသုံးယောက်လုံး ငါ ထီးနန်းတွေရပြီးလို့ ဆုလာဘ်ချီးမြှင့်တာကိုတောင် လက်မခံံဘဲ လွတ်လပ်ခွင့်ပဲတောင်းခဲ့တယ် ငါပေးလိုက်ပါတယ်သူတို့လည်း ပင်ပန်းခဲ့တယ်ချစ်တဲ့သူနဲ့ အိမ်ထောင်ပြုပြီး သာမာန် မိန်းကလေးအဖြစ်နေချင်ကြမှာပဲပေါ့ငါမထင်ထားခဲ့ဘူး သူတို့သုံးယောက်လုံးက မင်းအစ်ကိုတော်တွေကို ချစ်လွန်းလို့ တောင်းပန်တဲ့အနေနဲ့ ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားကြတယ် သူတို့သတ်မသေခင်မှာ မိသားစုတွေအတွက် တောင်းပန်စာရေးထားခဲ့တဲ့ အကြောင်းအရာတွေက တထပ်တည်းပဲငါ သေချာလက်သပ်မွေးထားတဲ့ လူယုံသုံးယောက် ဆုံးရှုံးခဲ့ရတယ်ဒါပေမယ့် တန်ပါတယ်လေမင်းမရီးတော်တွေအားလုံးက ငါသိမ်းပိုက်မှာစိုးလို့တဲ့မင်းအစ်ကိုတော်တွေနောက် ကောက်ကောက်ပါအောင် လိုက်သွားကြပြီငါ အရှင်မဲ့သွားတဲ့ မင်းအစ်ကိုတော်တွေရဲ့တိုင်းပြည်ကို ဓားတစ်ချက်မဝင့်ဘဲ သိမ်းပိုက်ခဲ့ရတာမင်းရဲ့လကာၤရကို သိမ်းရသလောက်တောင် စိတ်ဝင်စားစရာမရှိဘူး ဟက် မင်းမရီးတော်တွေက သူတို့တိုင်းပြည်တွေကို စစ်ကူတောင်းသေးတာကြားထဲက ငါ့လူတွေက အဖျက်ကောင်းလို့သာပေါ့ လက်စနဲ့ မင်းမရီးတော်တွေရဲ့တိုင်းပြည်တွေပါ သိမ်းပိုက်လိုက်နိုင်တာက အမြတ်ပေါ့လေမင်းတစ်ယောက်ကိုပဲ ခက်ခက်ခဲခဲတိုက်ယူခဲ့ရတာဒါလည်း သိပ်တော့မခက်ပါဘူးမင်းတို့အစီအရင်တွေက ငါ ကြိုသိပြီးသားမို့လို့ အရေးပါတဲ့ စစ်သူကြီးနှစ်ယောက်ကို ရှင်းလိုက်တာနဲ့ အလိုလို တပ်ပျက်တာပဲလေ ဘယ်သူ လုပ်ကြံခဲ့တယ်ဆိုတာရော သိချင်လားမင်း သိပ်ယုံပါတယ်ဆိုတဲ့ လင်္ကျာ တဖြစ်လဲ ကျော်စွာကိုယ်တိုင် လုပ်ကြံခဲ့တာ ငွေကြေးစည်းစိမ်ထက် အာဏာကိုပိုမက်မောတဲ့ဒီကောင်က သက္ကစစ်သူကြီးချုပ်ရာထူးရဖို့ဆို အသက်နဲ့ရင်းပြီး စွန့်စားဝံ့တဲ့လူပဲငါ လူရွေးမမှားခဲ့ဘူးသူ့ကို ငါကိုယ်တိုင် ဆယ်နှစ်သားကတည်းက သူ့မိဘတွေဆီကခေါ်ပြီး လေ့ကျင့်ပေးခဲ့တာသူမတကိုယ်လုံး လေဟာနယ်ထဲရောက်သလို ဟာဆင်းသွားသည် အစ်ကိုတော်တို့အားလုံး နတ်ရွာစံသွားပြီတဲ့လား အခု ငါတစ်ယောက်တည်း ကျန်ခဲ့တာလားဆွေတော်မျိုးတော်အားလုံးမရှိတော့ဘူးငါ့ရဲ့သစ္စာရှိ စစ်သူကြီးအားလုံးလည်း သုတ်သင်ခံလိုက်ရသလို ငါကိုယ်တိုင်လည်း သုံ့ပန်းဖြစ်နေပြီခမည်းတော်ထူထောင်ခဲ့တဲ့ လကာၤရ ပျက်သုန်းပြီ...သူမ မငိုမိအောင် နှုတ်ခမ်းကို ပြင်းပြင်းထန်ထန် ကိုက်ထားမိသည်မင်းကို ကိုယ် တောင်းဆိုချင်တာက အခု မင်းရဲ့လကာၤရတပ်လည်း ပျက်သုန်းသွားပြီ မင်းမှာလည်းနောက်ခံအင်အားမရှိတော့ဘူးဆိုတော့ အခု လိမ်လိမ်မာမာနဲ့ ကိုယ့်နောက်ကိုလိုက်ပြီး သက္ကမိဖုရားခေါင်ကြီး လုပ်ပါကိုယ့် မိသားစုကလည်း မင်းကို ကြိုဆိုနေမှာပါဟက်ရှင် ရူးနေလားဘုရင်မတစ်ယောက်က မိဖုရားလုပ်ရမတဲ့လားမင်း အဓိပ္ပါယ်ကောက် လွဲနေပြီကိုယ် မင်းအတွက်ပြောနေတာနော်သက္ကဘုရင်က လကာၤရဘုရင်မကို စစ်ရှုံးလို့ မိဖုရားအဖြစ် သိမ်းပိုက်မယ်လို့ ပြောတာ မဟုတ်ပါဘူး သီဟဗလက သုန္ဓရ ကို ချစ်မြတ်နိုးလို့ သူ့အချစ်ကို လက်ခံပေးဖို့ လက်ထပ်ခွင့်တောင်းတဲ့သဘောပါဘာပဲဖြစ်ဖြစ် အတူတူပါပဲနောက်ဆုံးတော့ ရှင့်မိဖုရားတွေအများကြီးထဲက တစ်ယောက်ပဲပေါ့နောက်တော့ ဖြစ်လာမှာပေါ့ခုတော့ မင်းက ငါ့အတွက် ပထမဆုံးမိဖုရားဖြစ်သလို မိဖုရားခေါင်တင်မြှောက်ရမယ့် တစ်ယောက်တည်းသောသူ လည်း ဖြစ်တယ်မင်္ဂလာပွဲကိုတော့ သက္ကကျမှ လုပ်မှာဆိုတော့ ဒီမှာ မင်းရော ငါရော ခဏတော့ အနားယူရလိမ့်မယ်ထင်တယ်ဟက် မိဘုရား...ဘုရင်မကနေ မိဘုရား..ထားပါလေငြင်းနေလို့လဲအပိုပါပဲကျွန်မ ရှင့်ကို မဖြစ်မနေလက်ဆက်ရမှာပဲလောလောဆယ်တော့ ကျွန်မတစ်ယောက်တည်းနေပါရစေကျွန်မလည်း အဆင်သင့်ဖြစ်အောင် စိတ်ရောလူပါ ပြင်ဆင်ဖို့လိုမယ်ဒီတော့ ကျွန်မကို အချိန် တစ်ပတ်လောက်တော့ ပေးပါသုံးရက်..ငါမင်းကို အချိန်သုံးရက်ပဲပေးနိုင်မယ်ဒီအတောအတွင်း ငါလည်း လကာၤရရဲ့အုပ်ချုပ်ရေးအခြေကျအောင် လုပ်ခဲ့မယ်ပြီးရင် သက္ကကိုပြန်မယ်မင်းကတော့ ငါ့မိဖုရားခေါင်အဖြစ် တပါတည်းခေါ်သွားမှာဒီတော့ မင်း သေချာပြင်ဆင်ထားပါသူမ ပြုံးလိုက်သည် လှပတဲ့အပြုံးတော့ မဟုတ်မဲ့ပြုံး.. လှောင်ပြုံး..ကောင်းပြီရှင့်အတွက် အခန်းပြင်ဆင်ပေးဖို့ ကျွန်မ ခိုင်းလိုက်မယ်နားလိုက်ပါဦးယဉ်ယဉ်ကျေးကျေးနှင်ထုတ်တဲ့စကားကို ဆိုပြီး သူမက အခန်းဝကိုထွက်ကာ တာဝန်ကျတပ်မှူးကို တစုံတရာ မှာကြားလိုက်သည် သိပ်မကြာခင်မှာ အခန်းဝမှာ အမျိုးသမီးတစ်ဦးပေါ်လာသည်ကျော့ယမင်းအခစားရောက်ပါပြီ သခင်မသူ့ကိုတချက်မှမော့မကြည့်ဘဲ သူ့သခင်မရှေ့မှာသာဒူးထောက်ဂါရဝပြုလျက် ဒူးတုပ်လျက်သား အမိန့်စောင့်နေတဲ့ အပျိုတော်ကြောင့် သူအောင့်သက်သက်ခံစားလိုက်ရသည်သူ့ကိုတော့ အရိုအသေမပြုချင်တဲ့သဘောသခင်အဖြစ်အသိအမှတ်မပြုတဲ့သဘောပေါ့ သူကစစ်နိုင်ခဲ့ပါလျက် လကာၤရနန်းတော်မှာတော့ စစ်ရှုံးဘုရင်မလောက်တောင် အာဏာမသက်ရောက်..အပျိုတော်သာဆိုတယ်ခေါင်းကြောမာပုံကတော့ သူ့သခင်မနဲ့တစ်ထပ်တည်းသက္ကမင်းကြီးအတွက် ဒီတစ်ညနားဖို့ အခန်း ပွဲတော်စာ အစစအရာရာပြည့်စုံအောင် စီစဉ်ပေးလိုက်ပါပြီးတော့ အခု မင်းကြီးက လကာၤရအရှင် ဖြစ်လာပြီမို့ ရိုရိုသေသေ ခစားဖို့ သခင်မ မှာချင်တယ် ကျန်တဲ့သူတွေကိုလည်း မင်းကြီးကို မထီလေးစား မလုပ်ပါစေနဲ့မှန်လှပါ သခင်မကြွပါ မင်းကြီးသူ့သခင်မအမိန့်ရမှ ချက်ခြင်းပြောင်းလဲကာ ရိုကျိုးတဲ့အမူအယာ ဖြစ်သွားတဲ့ အပျိုတော် အကြီးအမှူးကို သူ ကြည့်ရင်းခေါင်းခါလိုက်မိသည် သူ မကြမ်းချင်ပေမယ့် ကြမ်းပြရဦးမည် ဒီလူတွေကို အုပ်ချုပ်ဖို့ဆိုရင် အကြောက်တရားရှိအောင် လုပ်ထားမှ တော်ကာကျလိမ့်မည် ရိုကျိုးချစ်ခင်မှုရဖို့တော့ မလွယ်သူမ ခါးကြားမှာ အမြဲဆောင်ထားတဲ့ နှင်းဆီဆူးအဆိပ်ရည်ပုလင်းကို အသာအယာထုတ်လိုက်သည် သူမရဲ့မှားယွင်းတဲ့ဆုံးဖြတ်ချက်ကြောင့် သူတပါးလက်အောက်ခံအဖြစ် ဒုက္ခပင်လယ်ဝေရတော့မယ့်ပြည်သူတွေရဲ့မျက်နှာကို သူမ မကြည့်ဝံ့တော့ခမည်းတော် မယ်တော်ခမည်းတော် သွေးနဲ့ချွေးနဲ့ရင်းခဲ့ရတဲ့ လကာၤရကို မစောင့်ရှောက်နိုင်ခဲ့တဲ့ ဒီသမီးတော် အချစ်ရူးမ အမိုက်မကို ခွင့်လွှတ်ပါတော့ခမည်းတော်တို့ကို တမလွန်မှာတွေ့မှတောင်းပန်ပါ့မယ်နန်းမေငါ့အပေါ်တသက်လုံးထားခဲ့တဲ့ မင်းရဲ့သစ္စာနဲ့အချစ်ကို နောင်ဘဝကျမှ အဆတိုးပြီးပေးဆပ်ပါ့မယ့် ခုတော့ မင်းကိုကျော်ပြီး လူလိမ်တစ်ယောက်ကို ယုံကြည်မိတဲ့အပြစ်ကို ငါ့ရဲ့သွေးနဲ့ပဲ ဆေးကြောပါရစေတော့သူမ နှုတ်ခမ်းဖျားမှာတေ့ထားသော အဆိပ်ရည်ပုလင်းကို တစုံတယောက်ရဲ့ပုတ်ထုတ်လိုက်မှုက ရပ်တန့်သွားစေခဲ့သည် လည်ချောင်းတလျောက် စးီကျပြီးဖြစ်သည့် လောင်ကျွမ်းမတတ် ပူပြင်းသောအဆိပ်ရည်တို့ကိုတော့ တားမရတော့ပြီအန်ထုတ်ခုချက်ခြင်းပြန်အန်ထုတ်စမ်းသုန္ဓရမင်းဒီလိုပဲအရှုံးပေးလိုက်တော့မလို့လားခမည်းတော် ...သူ့ကို ပွေ့ချီပြီး ရေတွေပါးစပ်ထဲအတင်းလောင်းထည့်ကာ အန်အောင်လုပ်နေတဲ့ ခမည်းတော်ကို သူမပြုံးပြလိုက်သည် ရင်ထဲမှာ ပိုပိုပူူလောင်လာကာ ရင်းနှီးသော အမှောင်ထုက သူမအမြင်လွှာကို ရိုက်ခတ်လာသည်နောက်ဆုံးအနေနှင့်ပြုံးလိုက်သည့် သူမအပြုံးမပီပြင်ခင်မှာပင် သူမတကိုယ်လုံး အေးစက်သည့် လေဟာနယ်က လွှမ်းခြုံလျက် သူမအာရုံအားလုံးဆိတ်သုန်း မသွားမီ နောက်ဆုံးသော ထွက်သက်ကို ရှိုက်ထုတ်လိုက်ချိန် ပေါ့ပါးသောလေထုကြားမှ အကြိမ်ကြိမ် ခေါ်ငင်သံ..သုန္ဓရမင်း မသွားရဘူး..