အတိတ္ ၁၂ အတိတ် ၁၂
67 2 0
uni
ပန်းပဲရုံဆီကို လျှောက်လာပြီးမှ မဝင်သေးဘဲ အပြင်က ရပ်ကြည့်နေမိသည်
တော်ဝင်ပန်းပဲရုံက အစဉ်အမြဲ ပျားပန်းခတ်တမျှ အလုပ်များနေသည့်နေရာပင်
တပ်တော်တခုလုံးအတွက် လက်နက်ဓားလှံလေးမြှားကအစ ဒိုင်းလွှားအလယ် သံချပ်ဝတ်အဆုံး အမျိုးအစားစုံ ထုတ်လုပ်ပေးရသည့်နေရာ
ှိပန်းပဲဖိုအကြီးအကဲက လက်အောက်ပန်းပဲသမားအဆင့်ဆင့်ကို ကွပ်ကဲရုံမက ကိုယ်တိုင်လည်း လက်နက်သစ်တွေတီထွင်ဖန်တီးပေးရသူ
ဒီနေ့တော့ ပန်းပဲရုံက လူရှင်းကာ တစ်ဦးတည်းသော ပန်းပဲသမားနှင့် အကူအလုပ်သင်လူငယ်တို့၏ အသံသာ ကြားနေရသည်
သူမ ပန်းပဲရုံထဲမဝင်သေးဘဲ
ပန်းပဲရုံရဲ့ ထောင့်တစ်နေရာမှာရပ်လျက်
အလုပ်သင်လူငယ်လေးကို ဓားပုံစံအကြောင်းရှင်းပြနေတဲ့ သူ့ကို နောက်က အသေးစိတ်ကြည့်နေဖြစ်သည်
ငါတို့ပဲ အစိုးရိမ်လွန်ပြီး မယုံသကာၤစိတ်များနေတာလား
သူ့ကြည့်ရတာ ဝါရင့် ပန်းပဲဆရာတစ်ယောက်ပါပဲ စရောက်ကတည်းက သူ့အချိန်ဇယားနဲ့သူ အလုပ်လည်းလုပ် လေ့ကျင့်ရေးလည်းဆင်းရင်း ညဖက် နန်းမေဆီမှာ စာရေးစာဖတ်သင်တာကိုလည်း မပျက်စေရအောင် ကြိုးစားလှသူပင်
ချွမ်း
ဒုန်း
ဗွမ်း
ရုတ်တရက် သူမဆီတည့်တည့်ကြီးပျံဝဲလာတဲ့ ရဲရဲနီသောသံစို့ကြီးက နောက်က နံရံမှာ စိုက်လျက်သား
သစ်သားတိုင်ကို မီးမစွဲခင်မှာပင် ရေအလောင်းမြန်သောကြောင့်သာ ဘာမှမဖြစ်ကြခြင်း
ကျွန်တော်မျိုး မှားသွားပါတယ် သခင်မ
ကျွန်တော်မျိုးကိုပဲ အပြစ်ပေးပါ
သူရမှာ အပြစ်မရှိပါဘူး
ချက်ခြင်းဒူးထောက်လိုက်ရင်း အကူသူငယ်လေးကို ဆတ်ကနဲနောက်ပို့လိုက်တဲ့ လင်္ကျာ
ဘာကြည့်နေတာလဲ
လင်္ကျာကို ခုချက်ချင်းဖမ်းချုပ်လိုက်
ပိုးဖြူ
သခင်မ သူက..
ငါစစ်မယ်
ပိုးဖြူက စိတ်မချသလို လှည့်ကြည့်လှည့်ကြည့်နှင့်ထွက်သွားတော့မှ
သူမက ခေါင်းခါယမ်းလိုက်ရင်း နှစ်ယောက်လုံးကို မတ်တပ်ရပ်စေလိုက်သည်