အတိတ္ ၂၈အတိတ် ၂၈
97 1 0
uni
မင်းအခုတော့ ဘာတတ်နိုင်သေးလဲ
လကာၤရဘုရင်မ
မင်းလို နိုင်ငံတစ်ခုရဲ့ ပြည်နယ်ခွဲအဆင့်လောက်နဲ့များ ငါ့ကို ဦးမညွှတ်ချင်ဘူးတဲ့လား
အဲဒီကြီးမြတ်လှတဲ့ မာနတွေကို ငါ့လက်ထဲရောက်မှ ရိုက်ချိုးပေးရဦးမယ်
လကာၤရဘုရင်မဆီကို ရာဇသံပို့ထားတာ ခုနစ်ရက်စေ့ခဲ့ပြီ ရှစ်ရက်မြောက်နေ့ဖြစ်တဲ့ ဒီနေ့မနက်မှာ လကာၤရဘုရင်မဆီက အဖြေပြန်လာသည့် သဝဏ်ကို ဖတ်ရင်း သူ ပြုံးလိုက်မိသည် ဒီအတောအတွင်း မြို့ကို ဝိုင်းထားခဲ့ပေမယ့် လကာၤရဘုရင်မက လုံးလုံးထွက်မတွေ့ဘဲတင်းခံနေခဲ့တာ ဒီဖက်ကအခြေအနေကို ကျော်စွာက သူ့ဆီအခြေအနေတင်ပြပေမယ့် သိပြီးသား အကြောင်းအရာတွေကို စကားလုံးပြောင်းပြီး ထပ်ကာထပ်ကာ တင်ပြနေသည်လို့ သူ အတိအကျ သိနေသည် သိပ်မကြာခင်ကမှ ထည့်ပေးထားတဲ့ တန်ပြန်သူလျှိုကြောင့်သာမဟုတ်ရင် ဘုရင်မရဲ့အကြံတွေကို သူ သိနိုင်မှာမဟုတ် ဒီတိုင်းသာလွှတ်ထားမိရင် လကာၤရဖက် ပင်းနေပြီဖြစ်တဲ့ ကျော်စွာ့ သတင်းမှားတွေကြောင့် လကာၤရဘုရင်မရဲ့ ထောင်ချောက်တွေအောက်မှာ အသေသွားခံရသလိုသာ ဖြစ်ရတော့မည် သူတို့အစကတွက်ထားသလို မုန်တိုင်းတပ်မနဲ့ရင်ဆိုင်ခဲ့ရတာတော့ မှန်ပေမယ့် လကာၤရမြို့ဟောင်းမှာမဟုတ်
မြို့သစ်မှာဖြစ်နေသည် မုန်တိုင်းတပ်မကို သူ အစကတည်းက အထင်သေးမထားခဲ့
ဒါ့ကြောင့်လည်း ကိုယ့်ဖက်က အကောင်းဆုံးတပ်သားတွေ စေလွှတ်ခဲ့သည် ဒါတောင် ကိုယ့်တပ်အင်အားနှစ်ရာကျော်ကို သူ့လူငါးဆယ်နဲ့ သာမာန်တိုက်ခိုက်ရေးအဆင့်သာရှိသော ပြည်သူ့စစ် အဖွဲ့သား တစ်ရာလောက် ပူးပေါင်းရုံနဲ့ ရအောင်ထိုးဖေါက်ကာ ပြည်သူအကုန်လုံးကို ကယ်ထုတ်သွားခဲ့သည် ကိုယ့်တပ်ဖက်က လူအင်အားသာပေမယ့် ကိုယ့်တပ်က သာမာန်တပ် သူ့တပ်က အထူးလေ့ကျင့်ထားတဲ့ ပဉ္စမံတပ်သားတွေနဲ့ဖွဲစည်းထားတဲ့အသေခံတပ်
သူ့တပ်နောက် ခြေရာခံလိုက်သွားခဲ့ပေမယ့် သူတို့က နယ်မြေကျွမ်းသူတွေမို့ သူတို့နယ်မြေထဲ ကိုယ့်တပ်သားတွေ လည်သွားစင်းပေးသလိုသာ ဖြစ်ခဲ့ရသည် သူတို့က ကေလာသဖက်ဆုတ်သွားတာ