အတိတ္ ၁၃ အတိတ် ၁၃
79 3 0
uni
အခန်းထဲကလေထုက အပ်ကျသံပင်ကြားရမတတ် တိတ်ဆိတ်ပေမယ့် ပူလောင်နေသည် ညီလာခံခန်းမရဲ့ အနေအထားက ဘေးမှကြည့်နေသူကိုတောင် စိတ်ကျဉ်းကျပ်မှုခံစားရစေလောက်အောင် ပြင်းထန်နေသည်
မင်းကြီးမျက်နှာက မသာမယာ
အိမ်ရှေ့စံမင်းသမီးမျက်နှာက တင်းမာသည်ထက်လွန်ကာ ဒေါသအလျံတငြီးငြီးတောက်နေပြီ
ဒင်းတို့သွေးတိုးစမ်းတာကို ဒီတိုင်း သံအဖွဲ့လေးတစ်ဖွဲနဲ့ စာကားချိုချိုပြောပြီး လာနှစ်သိမ့်ရုံနဲ့တော့ မပြေမကြေနိုင်ပါဘူး ခမည်းတော်ဘုရား
ဆုံးရှုံးလိုက်ရတာ လကာၤရနိုင်ငံသားတွေသွေးချွေးနဲ့ စိုက်ပျိုးထားတဲ့ကောက်ပဲသီးနှံတွေပါ
တိုင်းသူပြည်သားတွေပိုင်တဲ့ တိုင်းပြည့်ဘဏ္ဍာတော်တွေပါ
သင်းတို့ကနဂါးကို ငြိမ်နေလို့ မြက်လျှောထင်ပြီးခေါင်းလာပုတ်တာကို ထပ်ပြီးငြိမ်ခံနေရင် အတိုင်းတိုင်းအပြည်ပြည်မှာ လကာၤရရဲ့သိက္ခာကျဆင်းရပါလိမ့်မယ်
ခမည်းတော်သာ ခွင့်ပြုရင် ဒီအရေးကို သမီးတော် တာဝန်ယူနိုင်ပါတယ်
ခမည်းတော် အဆုံးအဖြတ်ပေးပါ
အိမ်ရှေ့စံရဲ့ ဒေါသသင့်စကားတွေနောက်မှာ မှူးမတ်တွေရဲ့ထောက်ခံသံ ဝေဖန်ကန့်ကွက်သံတွေဆူညံသွားသည်
အိမ်ရှေ့စံက လူငယ်မို့ ဒီကိစ္စမျိုးကို ဒေါသထွက်တာ ကျွန်တော်မျိုးတို့ နားလည်ပါတယ်
ကျွန်တော်မျိုးတို့လည်း ကေလာသနိုင်ငံရဲ့လုပ်ရပ်က မှားယွင်းနေတာကို မြင်ပါတယ်
ဒါပေမယ့် ပြည်ထောင်ချင်း စစ်ခင်းတယ်ဆိုတာ တိုက်မိန့်ပေးလိုက်ဖို့လွယ်ပေမယ့် ထည့်တွက်ထောက်ထားရမယ့်အခြေအနေတွေ ဖြည့်ဆည်းထားရမယ့်ကိစ္စတွေက အများကြီးပါ
တိုက်တဲ့သူတွေက တိုက်ရဲလို့အသေခံနိုင်တယ်ထားဦး တိုက်ပွဲတစ်ခုဆိုတာ စစ်ဗျူဟာခင်းရုံအပြင် ရိက္ခာ လက်နက်ခဲယမ်း ဆေးဝါး ထောက်ပံ့မှုတွေအများကြီးလိုအပ်ပါတယ်
ဒါတွေအတွက် ပြည်သူဘဏ္ဍာထဲကပဲထုတ်သုံးရမှာပါ
ကျွန်တော်မျိုးတို့အမြင်ကတော့ ညှိနှိုင်းလို့ရမယ်ဆိုရင် ညှိနိှုင်းလိုက်တာ
ပိုသင့်လျော်ပါတယ်
ညိနှိုင်းမရလို့ ကိစ္စက ဒီအထိ ဖြစ်လာပြီမဟုတ်လား
ပြီးတော့ အမတ်ချုပ်ကြီးပြောတဲ့ညှိနှိုင်းမယ်ဆိုတာ တဖက်က တောင်းဆိုတာတွေကို တခုမကျန် ခေါင်းငြိမ့်လက်ခံဖို့ပဲမဟုတ်လား
ပြောစမ်းပါဦး
အမတ်ကြီးပြောတဲ့ညှိနှိုင်းမှုဆိုတာ ဟိုဖက်ကပေးတဲ့ လက်ဆောင်ပဏ္ဍာတွေယူပြီး လကာၤရက နယ်မြေတွေကို သွားရောင်းစားမလို့မဟုတ်လား