အတိတ် ၁၄ အတိတ် ၁၄
65 2 0
uni
ည ဆယ့်တစ်နာရီ အချက်ပေးသံကြားလိုက်ရသည် သူ နန်းဆောင်ခေါင်မိုးမှာ စောင့်နေခ့ဲတာ ညဝက်ရှိခ့ဲပြီ
တကိုယ်လုံးတောင့်တင်းညောင်းညာနေပေမယ့် နေရာကမရွှေ့ရဲ
အသံပါးပါးလေးတချက်ထွက်သွားရင်တောင် အထူးလေ့ကျင့်ထားတ့ဲ အိမ်ရှေ့စံရဲ့ ကိုယ်ရံတော်နှစ်ယောက်ရိပ်မိသွားနိုင်သည်
သူတို့ရိပ်မိသွားရင် သေသေရှင်ရှင်သဘောထားပြီး ဖေါက်ထွက်ရုံအပြင်တခြားလမ်းမရှိ
ညစောင့်ရဲမက်တွေက သန်းခေါင်ချိန်မှ လူလဲတာမို့ အနည်းငယ် ရှုပ်ထွေးသွားတတ်တ့ဲအခြေအနေကိုအခွင့်ကောင်းယူကာ အဆောင်ထဲခိုးဝင်ဖို့ကြံထားသည် ခိုးဝင်တယ်ဆိုပေမယ့် အိမ်ရှေ့စံရဲ့ အနီးကပ်ကိုယ်ရံတော်နှစ်ယောက်ကို သတိထားရဦးမည် သူ တချက်လေးလွဲချော်သွားလိုက်တာနဲ့ အိမ်ရှေ့စံ ဒါမှမဟုတ် ကိုယ်ရံတော်တယောက်ယောက်ရဲ့ ဓားဖ်ားမွာ အသက်ပါသွားနိုင်သည်
မနွေးထွေးလှတ့ဲ လေပြည်က မိုးသက်ရနံ့ကို ဆောင်ယူလာသည်မို့ သူ စိမ့်ကနဲ ဖြစ်သွားသည် အေးစက်လာတ့ဲလက်နှစ်ဖက်ကို အသာဆုပ်နယ်ရင်း သတိကပ်နေအောင် နှိုးဆွနေရသည်
မင်းသားက အိပ်ယာဝင်ချိန်နောက်ကျသည်
ညကိုးနာရီ လွှတ်ရုံးက ဆင်းတာနဲ့ ညလယ်စာစားပြီး အိမ်ရှေ့စံလွှတ်ရုံးကိုတက်လာတ့ဲအစီရင်ခံစာတွေ အမှုမှတ်တမ်းတွေ တိုင်ကြားလွှာတွေကို စစ်ဆေးဆုံးဖြတ်ရသည် အားလုံးပြီးမှ အိပ်ချိန်က သန်းခေါင်နီးနီး
သခင်မအချိန်ဇယားကလည်း ဒီပုံစံအတိုင်းသိပ်မကွာတာမို့ သူ တိတိကျကျမှတ်မိနေခြင်း
သူ ပြူတင်းပေါက်တံခါးကို အသာအယာလေးဖွင့်ကာ တခါးကြားမှ အိပ်ဆေးငွေ့ကို မှုတ်ထုတ်လိုက်သည်
ဒါမွ အိမ်ရှေ့စံ ဘာသံကြားကြား လုံးဝမနိုးဘဲ ဆက်အိပ်ပျော်နေမှာဖြစ်သည်
အိမ်ရှေ့စံရဲ့ အိပ်ယာဘေး လက်တလှမ်းစာမှာ စားပွဲနှင့်တင်ထားတ့ဲ ရေတကောင်းနဲ့ ခြက္ကို တွေ့လိုက်ရတော့ သူ စိတ်ကူးရသွားသည် တရေးနိုးသောက်တတ်လို့သာ ရေတကောင်းကို အနားထားအိပ်တာဖြစ်ရမည် ညလယ်စာပွဲတော်အုပ်ထဲ အဆိပ်ခတ်ချင်ပေမယ့် သိပ်မလွယ်
မင်းသားရဲ့့စားတော်ပွဲတိုင်းကို သီးသန့်စားတော်ကဲနဲ့ချက်ပြုတ်ပြီး ကိုယ်ရံတော်ကိုယ်တိုင် စစ်ဆေးပြီးမှ အဆောင်ထဲသွင်းခွင့်ပြုတာ
စားဖိုဆောင်ထဲတော့ ဘယ္လိုမွ ဝင်မရ