အတိတ် ၂၇ အတိတျ ၂၇
78 1 0
zawgyi
တပ်ကို လိုအပ်တဲ့ သမားတော်နဲ့ ဆေးဘက်အကူစစ်သည် အမျိုးသမီးစစ်သည်တွေ လွှတ်လိုက်ပါ
ကူးစက်ရောဂါဆိုရင်လည်း လိုအပ်တဲ့အစီအမံတွေပါလုပ်ပေးဖို့ ဘဏ္ဍာတိုက်က ရွှေတိုက်စိုးဆီ ငွေထုတ်မိန့်ရေးပေးလိုက်မယ်
အဓိကက စစ်သည်တွေအသေအပျောက်နည်းနိုင်သမျှ နည်းအောင်ကုသပေးပြီး အတတ်နိုင်ဆုံး ရောဂါဆက်မပြန့်အောင်တားဆီးဖို့ပဲ
တပ်ကိုသွင်းတဲ့ရိက္ခာကိုလည်း သေချာစစ်ဆေးပါ
သူမ စိတ်တည်ငြိမ်အောင်
လက်သီးတင်းတင်းဆုပ်ကာ တတ်နိုင်သမျှ အဆင်ပြေအောင် စီမံရသည် တိုက်ပွဲကာလအတွင်း ဒီလို ရေနဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်တတ်တာ မဆန်း
 ပြန့်ပွါးမှုမဆိုးဝါးအောင် ကိုင်တွယ်စီမံရမည်သာ
လောလောဆယ် တိုက်ပွဲအခြေအနေ ဘယ်လိုရှိလဲ
မှန်လှပါ
အခုချိန်ထိတော့ အဆိပ်ရည်ထောင်ချောက်တွေ
ရှိသေးတော့ မြို့စောင့်တပ် အင်အားနဲ့ တောင့်ခံနိုင်ပါသေးတယ်
ဒါပေမယ့် လူအင်အားချင်း လက်နက်အင်အားချင်းက အဆမတန်ကွာနေပါပြီ ရိက္ခာလည်း လျော့စပြုနေပြီမို့လို့ အခု တစ်ယောက်ချင်း ရိက္ခာဝေစုတောင် လျှော့ပေးနေရပါပြီ
ဒီနှစ်ရက်အတွင်း တပ်ကူမရောက်ရင် မဖြစ်တော့ဘူး
အစ်ကိုတော်တို့ဆီက စစ်ကူရောက်လာတာစောင့်နေလို့ မဖြစ်တော့ဘူး သိပ်မကြာခင် မြို့ရိုးပေါက်တော့မယ် ငါတို့ ရင်ဆိုင်တိုက်ပွဲနွှဲရုံအပြင် တခြားနည်း မရှိတော့ဘူး
အဆိပ်ထောင်ချောက်တွေက သူတို့အင်အားကို လျှော့ချပစ်နိုင်ပါစေလို့ပဲဆုတောင်းပါတယ်
သူမ သက်ပြင်းရှိုက်လိုက်သည် ဒီလိုအချိန်မှာ ခမည်းတော်နဲ့မယ်တော့်ကို ပြင်းပြင်းပြပြ တမ်းတမိသည် ကျေးဇူးပြုပီး သမီးတော်ကို ကူညီပေးပါ ဘိုးဘေးတွေ သွေးချွေးနဲ့ တည်ထောင်ထားတဲ့ တိုင်းပြည်ကို ကျွန်မလက်ထက်မှာ မပျက်စီးပါရစေနဲ့
ပြည်သူအားလုံးကို လကာင်္ရမြို့သစ်ထဲရွှေပြောင်းပြီးပြီလား အဲဒီက တပ်ရော အဆင်သင့်ပဲလား
မှန်လှပါ မုန်တိုင်းတပ်ရဲ့ အစီအရင်နဲ့ အားလုံးနေသားတကျ ဖြစ်နေပါပြီ မြို့စောင့်တပ်နဲ့တကွ အရွယ်ရောက် ယောင်္ကျားမိန်းမအားလုံး လက်နက်ကိုင်စွဲပြီးအသင့်ဖြစ်ကြောင်းပါ