Part(1)

6.6K 203 9
                                    

Unicode Version

နေ့လည်ကတည်းက  ပြေးလွှားနေရသော စုတ်ချက်တို့သည် ယခုအချိန်ထိကို  အနားမရကြသေး။  နေတောင် ဝင်လုဝင်ဆဲ ဖြစ်နေပြီ။   ဘာလို့များ သူ သည်လောက်တောင် သည်းကြီးမည်းကြီး  ဆွဲနေပါလိမ့်။ 

ပြောမည့်သာ ပြောရတာပါ။  တစ်စထက် တစ်စ ရုပ်လုံးကြွလာသော   ပုံရိပ်ကလေးသည် အသက်ဝင်လွန်းလှသည်။ 

ကြည်လင်နေသော ကောင်းကင်ပြာသည်လည်း  ပီပြင်၏။   တိမ်စိုင် ဖြူဖြူများမှာလည်း  ဟိုတစ်စ  သည်တစ်စနှင့်  ငေးမောချင်စဖွယ်.....။ တဖွဲဖွဲ ကျနေသော ချယ်ရီပွင့်ချပ်တို့သည်လည်း   အမှန်တကယ်ပင် အပြင်၌ ကျနေသည့်အလား   ကြွရွလှ၏။ ညှို့ငင်နိုင်လွန်းလှသည်။   ကျွန်တော်ဖြင့်  အနှီ ပန်းချီကားချပ်ထံမှ   အကြည့်ပင် မခွာနိုင်။

ပိုပြီး စိတ်ဝင်စားဖွယ် ကောင်းနေသည်က  အနှီ ပွင့်ချပ်တွေကြားမှ  လူသားတစ်ယောက်.....  တိတိကျကျ ရည်ညွှန်းရလျှင် ယောကျ်ားလေးတစ်ယောက်။ 

လက်နှစ်ဖက် ဆန့်တန်းရင်း ခေါင်းကို မော့ထားသော အနှီကောင်လေး၏ ဂုတ်ထောက်နေသော  ငွေမှင်ရောင် ဆံနွယ်တို့မှာ  လေနှင်ရာသို့   အလိုက်သင့်  မျောလွင့်နေကြသည်။  ဤသည်ကိုက  အနုပညာ ဆန်နေသယောင်....။

ဤသို့ဆိုစေကာမူ ချယ်ရီပွင့်တို့နှင့် ယောကျာ်းတစ်ယောက်  လားလားမျှ မအပ်စပ်။

"ဘာကြောင့်များ  ယောကျာ်းတစ်ယောက်အစား  မိန်းမပျိုလေး မထည့်ရတာတုန်း"

အနှီ ကိုယ်တော်ချောကရော   ချယ်ရီပန်းလေးများ၏ အလှကို ရှုစားရင်း ပြုံးနေလေမလား သို့မဟုတ်  ချယ်ရီကို နှစ်ခြိုက်သော  ကြင်သူကို လွမ်းစိတ်ကြောင့်  မှိုင်တွေနေလေမလား....။

ကျွန်တော် ဇဝေဇဝါ ဖြစ်နေမိသည်ကတော့ အမှန်ပင်။

ထိုလူသား၏ မျက်နှာကို မြင်ချင်ပါသော်လည်း  နောက်ကျောပေးကာ ရပ်နေပုံကို ဆွဲထားသောကြောင့်  ဆံဖြူကောင်လေး၏ စိတ်ခံစားချက်တို့ကို လိုရာသာ ဆွဲတွေးနေရသည်။ မည်သို့ပင်ဆိုစေ ပန်းချီကားမှာ အနုပညာ မြောက်လွန်းလှ၏။

Once upon in April (boyxboy)CompleteWhere stories live. Discover now