Part(25)

245 32 0
                                    

Unicode Version

"တစ်လုံးတည်းပါ Hyungရဲ့။ သောက်လိုက်ပါ"


ကျွန်တော့်အား ကျောပေး လှဲကာ အင်းမလုပ်၊ အဲမလုပ်ဘဲ  စောင် ခေါင်းမြီးခြုံထားသော Hyungဟာ ဆေးတိုက်ရ အတော် ခက်ပါလား.....

"ဆေးသောက်မှ ပျောက်မှာလေ Hyungရဲ့။ Hyungက လိမ္မာပါတယ် သောက်လိုက်ပါ"


"ဟေ့ကောင်လေး  ကိုယ် ကလေး မဟုတ်ဘူးနော်"


ခေါင်းထိ ခြုံထားသော စောင်ကို ဖယ်ခွာကာ ကျွန်တော့်ဘက်သို့ လှည့်ရင်း စူပုပ်ပုပ်ဖြင့် သူ ပြော၏။


ဘုရားသခင်.... ဒါဘယ်လို ပုံစံလေးပါလိမ့်။ ယခင်လို ဂျစ်တစ်တစ် မှုန်ကုပ်ကုပ် Hyungနှင့်မတူဘဲ ယခု ကျွန်တော် မြင်နေရသည့် Hyungက ကလေးဆိုးလေး တစ်ယောက်နှင့် ပိုတူသည်။


"Hyung ကလေး မဟုတ်မှန်း ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ဆေးကြောက်တယ်မလား။ အဲ့ဒါကြောင့် ကျွန်တော်က Hyung သောက်ချင်လာအောင် ကြံဖန် ပြောကြည့်တာပါ"

"ဆေး မကြောက်ပါဘူး"


"ဒါဆို သောက်လိုက်လေ Hyungရဲ့"


"မသောက်ချင်ပါဘူး"


"ဘာလို့ မသောက်ချင်ရတာလဲ Hyungရဲ့"



"မုန်းလို့"


"ဗျာ"


"ဟုတ်တယ်။ ဆေးတွေကို မုန်းတာ။ ကြောက်တာနဲ့ မုန်းတာ မတူဘူး။ ကြောက်တယ်ဆိုတာ သူ့ရဲ့ လွှမ်းမိုးမှုကို မလွန်ဆန်ရဲတာ။ မုန်းတယ်ဆိုတာက သူ့ရဲ့ ကောင်းခြင်း၊ ဆိုးခြင်း မှန်သမျှကို  ကိုယ့်ဘက်က လွန်ဆန်နေတာ"


ပြောပြီး တစ်ဖက်သို့ ပြန်လှည့်သွားသော Hyungကို ကြည့်ရင်း  ကျွန်တော် သက်ပြင်း ချမိသည်။

သည်လောက် အဖျား တက်နေတာကို ဆေး မသောက်လို့မှ မဖြစ်တာ။ Hyungက အတော် ပြောရဆိုရ ခက်ပါလား။


"Hyung သောက်လိုက်ပါဗျာ။  နော် Hyung"

အရဲစွန့်ပြီးသာ ပြောလိုက်ရတာ။ သူ့ထံမှ  အအော် ခံရမှာလည်း  ကျွန်တော် ကြောက်သည်။


Once upon in April (boyxboy)CompleteWhere stories live. Discover now