Part(37)

258 31 0
                                    

Unicode Version

"ဟွန်း... ဟွန်း သတိရလာပြီလား။ အဆင်ပြေရဲ့လား ဟွန်း"

ဆေးရုံခန်းထဲ ဝင်ဝင်ချင်း မြင်လိုက်ရသည်က ငုတ်တုတ် ထိုင်နေသော ကလေးငယ်...

တည်တင်းနေသော မျက်နှာက ဘာတွေကိုများ အလိုမကျ ဖြစ်နေပါလိမ့်။


"ခေါင်းကြည်ရဲ့လား ဟွန်း။ နေရထိုင်ရရော အဆင်ပြေရဲ့လား။ ခဏ ကိုယ် ဒေါက်တာ့ကို သွားခေါ်လိုက်မယ်"

ထထွက်ရန် ပြင်နေသော ကျွန်တော့်ကို လာဟန့်တန်းသော ခပ်အေးအေး လက်တစ်စုံ...

"ခုနကလေးတင် လာစစ်ဆေးသွားတာ။ သွားထပ်မခေါ်နဲ့တော့"

"အာ အဲ့ဒီလိုလား။ ဆောရီး ကိုယ်က ဟွန်း သတိရလာရင် စားဖို့ သွားဝယ်နေတာ။ ဟွန်း ဗိုက်ဆာပြီလား.... စားတော့မလား"

ခေါင်းခါပြပြီး ကျွန်တော့်အား ကျောပေး လှဲနေသော ကလေးငယ်ကြောင့် ဝမ်းနည်းလာသလိုပင်။

"ဟွန်း ကိုယ့်ကို စိတ်ဆိုးနေတာလား။ ကိုယ် တောင်းပန်ပါတယ်။ ကိုယ်သာ နောက်မကျရင် ဟွန်း အခုလိုတွေ ခံစားရမှာ မဟုတ်ဘူး။ နောက်မဖြစ်စေရဘူးနော်။ ကိုယ့်ကို ကြည့်ပါဦး"

ခပ်ဖွဖွ ဆွဲလှည့်လိုက်လေတော့ ကလေးငယ်၏ မျက်ဝန်း တစ်စုံဟာ မျက်ရည်များ ရစ်သိုင်းလို့။

"ဟွန်း ဘာလို့ ငိုနေတာလဲ ဟမ်။ ဘယ်နေရာကများ နေလို့ မကောင်းလို့လဲ။ တစ်ခုခု ပြောပါဥိးကွာ....ကိုယ် အရမ်း စိတ်တွေ ပူနေပြီ"

သူ့မျက်ရည်တို့ကြောင့် လူက ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့။ ရင်ဘတ်ထဲ၌လည်း ဝမ်းနည်းရိပ်တို့ကြောင့် လေးပင် ဆို့နင့်လာ၏။



"ကျွန်တော်လေ.... အိပ်မက်ရှည်ကြီး တစ်ခုကို မက်ခဲ့တယ်။ တကယ့်ကို အရှည်ကြီးပဲ။ Hyungသိလား.... အိပ်မက်ထဲက ဂျီဟွန်းဆိုတဲ့ ကောင်လေးကလည်း အွန်းဟိုဆိုတဲ့ ကောင်လေးကို Hyungလို့ ခေါ်တာ"

သွားပြီ။ သူ မှတ်မိသွားပြီ။ သေချာသည်။ ကလေးငယ် ကျွန်တော့်ကို မုန်းနေလောက်ပြီ။


Once upon in April (boyxboy)CompleteUnde poveștirile trăiesc. Descoperă acum