Part(4)

507 50 8
                                    

Unicode Version

နားထဲသို့  ငြိမ့်ညောင်းစွာ စီးဝင်လာသော သံစဥ်လေးတစ်ခု......   နူးညံ့သည်။ သာယာနာပျော်ဖွယ်ကောင်း၏။  တစ်ဆက်တည်းမှာပင်   လူကို ဆွေးမြေ့စေပြန်သည်။ 

ရင်းနှီးသည်။  အနှီ သံစဥ်ကို  ကျွန်တော် ကျွမ်းဝင်ပြီးသားပါ။

'River Flows in You'.......    တေးသွားနုနုကလေးများသည်  နာမည်နှင့် လိုက်ဖက်ညီစွာ  ကျွန်တော့်၏  နှလုံးသားထဲသို့   မြစ်တစ်စင်းအလား  တသွင်သွင် စီးဝင်လာ၏။   အနိမ့်၊ အမြင့် ၊ အတက် ၊ အကျ တစ်ခုချင်းစီတိုင်းဟာ  ပကတိ   လိုက်ပါ စီးမျောချင်စဖွယ်..... 

လေးပင်နေသော မျက်ခွံတို့ကို  အားယူဖီဆန်ရင်း  ဖြည်းညင်းစွာ  ဖွင့်ကြည့်လိုက်လေတော့    မြင်လိုက်ရသည်က  မျက်နှာကျက်တစ်ခု....  အရောင်ပင် မသဲကွဲနိုင်တော့လောက်အောင်   ဖုန်အလိမ်းလိမ်းတက်ကာ  ညစ်ထေးနေသော  မျက်နှာကျက်အိုတွင်   ပင့်ကူအိမ်များကလည်း ဟိုတစ်စု  သည်တစ်ခုနှင့်    စခန်းချထားကြသေး၏။

နှာခေါင်းတွင်းသို့လည်း   အောင့်သက်သက် အနံ့များက  တိုးဝင်လာကြသည်။ ညစ်ညူးဖွယ် ပတ်ဝန်းကျင်ကြောင့်  လူက  ခဏတာ မကြည်မလင်  ဖြစ်သွားရသော်လည်း  မပြတ်မလပ်ကို ကြားနေရသော   စန္ဒယားသံလေးကြောင့်   အသံလာရာသို့သာ အာရုံက  ပြန်ရောက်သွားပြန်၏။

လှဲနေရာမှထကာ  မျက်လုံးကို လျှင်မြန်စွာ  ကစားလိုက်လေတော့  တွေ့လိုက်ရပါပြီ။  အခန်းထောင့်စွန်းရှိ  ပုံရိပ်လေးတစ်ခု.....


အခန်းတွင်းတွင်  မီးထွန်းထားသော်ငြား  အနှီထောင့်လေးကတော့  မီးဆိုင်းနှင့် အလှမ်းဝေးသောကြောင့်  အနည်းငယ် မှောင်မိုက်နေ၏။   သို့တိုင်အောင် ပြတင်းပေါက်ကြည်ကြည်မှ တိုးဝင်လာသော  လရောင် မှိန်ပျပျလေး၏  အားကိုးနှင့်တော့   ပုံရိပ်ကလေးကို  ကျွန်တော်  တွေ့မြင်နိုင်သေးသည်။


သံစဥ်တို့နှင့်အတူ စီးမျောနေသော ထိုလူသားသည် ကျွန်တော် ကြည့်နေသည်ကို သတိထားမိမည်မထင်။ အရဲစွန့်ပြီး သူနှင့် ပိုမိုနီးကပ်စွာ ရပ်လိုက်သည်ကိုပင် သိလိုက်ပုံမရ။ မျက်လုံးကလေးများမှိတ်ကာ တေးသွားမြစ်ကလေးထဲ သူစီးမျောနေ၏။

Once upon in April (boyxboy)CompleteWhere stories live. Discover now