Part(36)

245 32 0
                                    

Unicode Version

"ဟယ်လို... အင်း ကျွန်တော်က ရောက်နေပြီ။ ရပါတယ် အေးဆေးလာပါ။ လက်မှတ် ကြိုဝယ်ထားလိုက်မယ်။ ဟုတ်။ ကားကို ဂရုတစိုက် မောင်းနော်"


ကြည်နူးခြင်းများစွာဖြင့် ကျွန်တော် ဖုန်းချလိုက်မိသည်။ မကြည်နူးခံနိုင်ရိုးလား... မကြာခင် Hyungနှင့် ရုပ်ရှင် အတူ ကြည့်ရတော့မည်။

ရုပ်ရှင်ပြီးလျှင် နေ့လည်စာ အတူ စားကြမည်။ ပြီးလျှင် လျှောက်လည်မည်။

ဘယ်လောက်တောင် ပျော်စရာ ကောင်းလိုက်လေသလဲ။ သည်နေ့က ကျွန်တော်တို့၏ ပထမဆုံးဒိတ်...



ရုတ်တရက် မီးမှောင်ကျသွားသော ဓာတ်လှေကားကြောင့် လူက ကြောင်သွားသည်။


အတန်ကြာသည်အထိကို မီးက ပြန်လင်းမလာ။ လေးဖက်လေးလံ အလုံ ပိတ်ထားသောကြောင့် အသက်ရှူလည်း ကြပ်လာ၏။

ကျွန်တော့်ပုခုံးကို အနောက်မှ လာတို့သော လက်ချောင်းတို့ကြောင့် ဖျတ်ခနဲ လှည့်ကြည့်လိုက်မိသည်။ မှောင်မည်းနေသောကြောင့် မည်သူမည်ဝါမှန်း  မသဲကွဲပေ။


"ကျွန်တော့် ပုခုံးကို လာတို့တာ ဘယ်သူလဲ... အဆင်ပြေရဲ့လား"

"မ မပြေဘူး။ ကျွန်မ အသက်ရှူ အရမ်း ကြပ်နေတယ်"

မောငိုက် နွမ်းလျစွာ ဆိုလာသော ထိုမိန်းကလေးဟာ ကျွန်တော့်လက်မောင်းနှစ်ဖက်ကို အတင်းဖျစ်ညှစ် ဆုပ်ကိုင်ထား၏။

"စိတ်ကို အေးအေးထားနော် မိန်းကလေး.... အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်း ရှူထုတ် လုပ်ကြည့်"

ကျွန်တော် ပြောရင်း ဖုန်းflashမီးကို ဖွင့်ကာ သူ(မ)ဘက်သို့ ကြည့်လိုက်လေတော့ ကျွန်တော့်ကမ္ဘာ တစ်ခုလုံး ဇောက်ထိုး မိုးမျှော် ဖြစ်သွားသလိုပင်။


ကြောက်သည်။ သူ(မ)ပုံစံဟာ ကျွန်တော့်တစ်ကိုယ်လုံးကို တုန်ယင်စေကာ နှလုံးခုန်နှုန်းတွေကို မြန်လာစေ၏။


နှာခေါင်း လုံးလုံး၊ ပါးစပ် ပြဲပြဲ၊ တွန့်လိမ် ကောက်ကွေးနေသော ဆံပင်တို့နှင့် မထော်မနှမ်း အဝတ်အစားများကို ဝတ်ဆင်ထားသော သူ(မ).....


Once upon in April (boyxboy)CompleteWhere stories live. Discover now