Part(6)

291 39 1
                                    

Unicode Version

"ဘာကြီးလဲ"

ကျွန်တော့်အား  စားပါဦးဟု  ကမ်းပေးလာသော   အရာတစ်ခုအား မျက်ခုံးတို့  တွန့်ချိုးရင်း  ကြည့်ကာ မေးလိုက်မိ၏။ 

"ပီကေလေကွာ။  ပီကေတောင် မမြင်ဖူးဘူးလား လီဟွန်းရာ..."

အားမလိုအားမရဟန်ဖြင့်  ရေရွတ်ရင်း  ပီကေတောင့်ထဲမှ  တစ်ခုကို ကိုယ်တိုင်ကိုယ်ကျ ထုတ်ကာ  စားရန်  နှိုးဆော်နေသော ကိုယ်တော်ချောလေး.....။ 

နှိမ်လိုက်တာများ... 
စကားမစပ် ပီကေဆိုတာ ဘာများပါလိမ့်။ ကျွန်တော် တစ်ခါမျှ  မစားဖူးပေ။ 


"ရား   မစားဘူးလား"

ကမ်းပေးနေသော  ပီကေလေးကို စိတ်မရှည်ဟန်ဖြင့် သူကိုယ်တိုင်ပင် ဖောက်ကာ  ကျွန်တော့် ပါးစပ်ထဲသို့ လာထည့်ပေးသော  လူသားလေး...  ကြည့်ပါဦး။  ကျွန်တော့်ထက် ခေါင်းတစ်လုံးစာ နိမ့်နေလေတော့   ခြေဖျားထောက်ကာ  ကြိုးစား ထည့်ပေးရှာ၏။ 

နေပါဦး။  သူ  ခုနက  အပေါ့သွားထားတာ မဟုတ်ဘူးလား။  လက်လည်း ဆေးတာ မတွေ့မိပါဘူး။  မဟုတ်မှလွဲရော  လက်မဆေးဘဲ  ကျွန်တော့်ကို   မုန့်ဖောက်ကျွေးလိုက်တာများလား......

"ယောင်ရှင်း   မင်းကွာ ညစ်ပတ်လိုက်တာ။  လက်မဆေးဘဲ  ငါ့ကို  ပီကေ  ခွံ့ကျွေးရလားကွ"

နီသွားသော မျက်နှာကလေးက ရှက်သွားတာလား.... ဒါမှမဟုတ် ကျွန်တော့်ကို စိတ်များ ဆိုးသွားလေသလား။

"မင်း ရူးနေလား လီဟွန်း။   ငါ ခုနကတင်  လက်သန့်ဆေးရည်  သုံးလိုက်တယ်လေ။  မင်း  ရှေ့မှာတင်  သုံးနေတာကို  မမြင်ရလောက်အောင်   ကန်းနေတာလား"


မသိလို့ ပြောမိသည်ကို  ပိတ်ဟောက်လိုက်ပုံများ သူ့ရှေ့တွင်  ရပ်နေသော ကျွန်တော်ပင်  လွင့်သွားနိုင်၏။  လီယောင်ရှင်း၏ စိတ်ဟာ တကယ်ကို  လက်တစ်ဆစ်ရယ်ပါ။  စကားမစပ်  ပီကေဟူသည်လေးက  ချိုချို အေးအေးလေးနှင့် စားလို့ အတော်ကောင်း၏။

~

~

~

"ဟာ  လီဟွန်း မင်း မျိုချလိုက်တာလား"

Once upon in April (boyxboy)CompleteWhere stories live. Discover now