Part(13)

237 36 11
                                    

Unicode Version

ဘုရားသခင်...... ကျွန်တော် လူ့ပြည်မှာရော ဟုတ်သေးရဲ့လား။ ကြည့်ပါဦး။ ခမ်းနားလိုက်တာများ..... မြင်နေရသော ကိုယ့်မျက်စိကိုပင် မယုံကြည်နိုင်။


ကျယ်ဝန်းသော ခန်းမ၊ ကြီးကျယ်ခမ်းနားသည့် အပြင်အဆင်၊ သာယာသော တေးသွား၊ မွှေးပျံ့ထုံသင်းသည့် ပန်းရနံ့နှင့် ဟိုဟိုသည်သည်   လှုပ်ရှားသွားလာနေကြသော အထက်တန်းလွှာများ..... အရာရာဟာ ကျွန်တော့်အတွက် အထူးအဆန်းကို ဖြစ်နေလေ၏။ မြင်မြင်သမျှကို ပါးစပ်အဟောင်းသားဖြင့် လိုက်ကြည့်နေမိသော ကျွန်တော့်အဖြစ်က  မသိလျှင်  တောသား  မြို့ရောက်နေသည့်အလား။


"လီဟွန်းရေ  ကလေးလည်း မဟုတ်ဘဲ ဘာတွေ အဲ့ဒီလောက်တောင်   လိုက်ငေးနေတာလဲ"

"........"

"လီဟွန်း   ငါပြောတာကို ကြားလား"

"......."

"ရားးးး  လီဟွန်း"


နား,နားသို့ကပ်ကာ  အပီဟဲလိုက်သော ဆရာသမားလေး....  အနည်းငယ် ကျယ်သွားသော သင်းလေး၏  အသံကြောင့်  အနီးတစ်ဝိုက်မှ  လူများကလည်း ကွက်ကြည့် ကွက်ကြည့် လုပ်ကုန်ကြ၏။

အာ....  ဟုတ်ပေသားပဲ။  လူတွေက  ကျွန်တော့်ကို  မမြင်ရဘူးလေ။  တစ်ယောက်တည်း  နာမည်ထအော်လိုက်သော  ယောင်ရှင်းကို  သူတို့ အထူးတဆန်း ဖြစ်နေကြမှာ။  မဖြစ်ချေ။


"ယောင်ရှင်းရ  တိုးတိုး ပြောပါကွ။  လူတွေ ကြည့်နေကြပြီ။ ပြီးတော့....  ငါ့ကို သူတို့  မမြင်ရဘူးလေ"


"ငါ့နောက်လိုက်ခဲ့"

ခပ်တိုးတိုးဆိုကာ  တစ်နေရာသို့  ဦးတည်နေသော ကိုယ်တော်ချောလေး။  ပုံမှန်ထက်  ပိုသွက်နေသော ခြေလှမ်းတို့ကို ကြည့်ရတာ  တစ်စုံတစ်ခုကို  အလျင်လိုနေသယောင်။

သန့်စင်ခန်းမြင်ခါမှ  ကျွန်တော် သဘောပေါက်တော့သည်။ ယောင်ရှင်းတစ်ယောက်  ဟိုတစ်ခါကလို ကိစ္စက ထိပ်ဝ ရောက်ပြန်ပြီထင်ပါရဲ့။


သန့်စင်ခန်းထဲသို့ ရောက်သည်နှင့်  ဟိုကြည့် သည်ကြည့်လုပ်နေပြန်၏။ ထို့နောက် ကျွန်တော့်လက်ကို ဆွဲကာ  အခန်းလွတ် တစ်ခုထဲသို့ ဝင်ပြီး  တံခါးကို လော့(ခ်)ချသည်။

Once upon in April (boyxboy)CompleteWhere stories live. Discover now