Part(32)

238 28 0
                                    

Unicode Version

***ဒီအပိုင်းက  ဥက္ကဌချာ(Hyung's dad)ရဲ့ POV onlyပါ***



~~~~~~~~~~~

"ဟဲ့ ငါ ပြောပြောနေတာ သူပေါ့.... ချာမိသားစုရဲ့ တစ်ဦးတည်းသော  ဆက်ခံသူ။ သူနဲ့ တစ်ခါလောက်လေးပဲဖြစ်ဖြစ် ဒိတ်ကြည့်ချင်လိုက်တာ... ကြည့်ပါဦး။ ပြီးပြည့်စုံလိုက်တာများ လုံးဝ ငါ့typeပဲ"


"ဖြစ်နိုင်တာပဲ ပြောစမ်းပါ။ ဟိုက စေ့စပ်ထားတဲ့သူ ရှိပြီးသား။ သူ့ဇနီးလောင်းကလည်း လုံးဝကို ပြီးပြည့်စုံနေမှာ။ ပြီးတော့ နင် ရုပ်ရှင်တွေထဲမှာ မကြည့်ဖူးဘူးလား။ လူချမ်းသာတွေရဲ့ ဘဝက အပြင်ပိုင်းသာ အားကျစရာကောင်းတာ။ အတွင်းပိုင်းမှာ သူတို့အချင်းချင်းကို အပြိုင်အဆိုင်တွေနဲ့ အရမ်း မွန်းကြပ်စရာကြီး။ ကိုယ့်ဘာသာ အေးဆေး နေစမ်းပါဟာ"


တိတ်ဆိတ်လွန်းသော စာကြည့်တိုက်ကြောင့်ရယ်လား၊ ကျွန်တော့်၏ ကောင်းမွန်လွန်းသော အကြားအာရုံကြောင့်ရယ်လားမသိ...... သူတို့ ပြောလိုက်သည်များကို ကျွန်တော် အတိုင်းသား ကြားနေရသည်။

အင်း.. လူချမ်းသာတွေ၏ ဘဝက မွန်းကြပ်စရာကြီးတဲ့လား....


သူ ပြောလည်း ပြောချင်စရာ။ တကယ်လည်း အရှုပ်အထွေးပေါင်းများစွာနှင့် အာရုံနောက်စရာတွေချည်းပင်။

အခြားသူများအတွက်  ဆယ်ကျော်သက် အရွယ်ဆိုတာဟာ  လွတ်လွတ်လပ်လပ်နှင့်  ပျော်ပါးလို့ အကောင်းဆုံး အရွယ်ဖြစ်သော်ငြား  ကျွန်တော့်အတွက်တော့  များသထက် များလာသော ဖိအားတို့နှင့်အတူ  ကြီးသထက်ကြီးလာသော တာဝန်တို့ကြောင့်  တစ်စက္ကန့်လေးပင် အသက်ရှူ မချောင်ခဲ့။


မကြာခင် အသက်(၂၀)ပြည့်တော့မည်။ ထို ထိပ်စီးပြောင်းသည့်နေ့တွင်ပင်   တစ်ခါလေးသာ တွေ့ခဲ့ဖူးသော  သူ(မ)နှင့် လက်ထပ်ရတော့မည်။

ဘယ်လောက်တောင် ရယ်စရာ ကောင်းလိုက်လေသလဲ.....


လုပ်ငန်း နှစ်ခု ပူးပေါင်း လုပ်ဆောင်သည်က တစ်ကြောင်း၊ မိဘ အချင်းချင်း  ပေးခဲ့ဖူးသော ကတိတို့က တစ်ကြောင်း    အကြောင်းကြောင်းရယ်တို့ကြောင့်   သူ(မ)နှင့် လွန်ခဲ့သော သုံးနှစ်လောက်က  စေ့စပ်ထားခဲ့ရသည်။ ထိုစေ့စပ်စဥ်ကသာ တွေ့ခဲ့ဖူးသော မိန်းကလေးဟာ နောက်တစ်လနေလျှင်  ကျွန်တော့် ဇနီး ဖြစ်လညတော့မည်။


Once upon in April (boyxboy)CompleteWhere stories live. Discover now