Part(31)

230 33 1
                                    

Unicode Version

သည်နေ့တော့ အိပ်ယာမှ အစောကြီး နိုးနေခဲ့သည်။ နိုးလာကတည်းက ယခင်နေ့များနှင့် မတူဘဲ လူက တက်ကြွနေ၏။



ပျော်စရာ ကိစ္စ တစ်ခုတလေများ ရှိနေလေရော့လားဟု တွေးလိုက်တော့လည်း မရှိပြန်။ သို့တိုင်အောင် လူက တက်ကြွပြီး ကြည်နူးနေပုံမှာ မသိလျှင် မီလျံနာ သူဌေးကြီးပဲ ဖြစ်တော့မည့်အလား။


ဘာ့ကြောင့်ရယ်များ ကျွန်တော့်ရင်ထဲ ပန်းပေါင်းစုံ ပွင့်သလို ခံစားနေရပါလိမ့်....

တွေးရင်း အာရုံထဲ ဝင်လာသည်က ကျွန်တော့်ကားပျက်စဥ်က ကူညီပေးခဲ့သော ထိုသူ။

သူသာ လီဟွန်းဆို ဘယ်လောက်တောင် ကောင်းလိုက်လေမလဲ....

~

~

~
"လီဟွန်းရေ.... ငါ ဒီနေ့ စိတ်တွေ ရွှင်နေတယ် သိလား။ ငါ့ရင်ထဲမှာလေ ကောင်းတာ တစ်ခုခု ဖြစ်လာတော့မယ်လို့ ခံစားနေရတယ်။ အဲ့ဒီကောင်းတာက မင်း ငါ့အနား ပြန်လာတာသာ ဖြစ်လိုက်ပါတော့လား..... နောက်ခြောက်ရက်နေရင် ငါ ကိုရီးယားကနေ ပြန်ရတော့မယ်။ မြန်မြန်သာ ငါ့ဆီ ပြန်လာပါတော့ကွာ.... နော် လီဟွန်း"



"စကားမစပ် မနက်ဖြန်ဆို ငါနဲ့မင်း တွေ့တာ  ရက်ပေါင်း (၄၄)ရက် ပြည့်ပြီကွ။ နံပါတ် (၄၄)ရဲ့ အဓိပ္ပါယ်ကို မင်း သိလား လီဟွန်း.... အဲ့ဒါက မကြာခင်မှာ ငါ့ဆီကို ကံကောင်းခြင်းတွေ ရောက်လာလိမ့်မယ်ဆိုတဲ့ အဓိပ္ပာယ်။ ငါ့ရဲ့ ကံကောင်းခြင်းက မင်းပဲလေ။ ဒီတော့ မင်း ငါ့ဆီ ရောက်လာမှာ ဟုတ်တယ်မလား....."


"ငါ စောင့်နေမယ် လီဟွန်း။ ဆက်ဆက် ပြန်လာခဲ့ပေးပါ။ ငါ မင်းကို အရမ်း လွမ်းတယ်။ အရမ်းလည်း..... သဘောကျတယ်"

Ring
Ring

ရုတ်တရက် ထမြည်လာသော ဖုန်းကြောင့် ကျွန်တော့်ရဲ့ ကြည်နူးနေတာလေးတွေတောင် ပျောက်သွား၏။


"အင်း.... Omma"

"အင်း ပြန်လာဖြစ်တယ်။ ရပါတယ် လာမကြိုနဲ့။ အင်း..... အဲ့ဒါတွေက ကျွန်တော် ပြန်ရောက်မှ စီစဥ်ပါ့မယ်"

Once upon in April (boyxboy)CompleteWhere stories live. Discover now