Part(27)

262 30 6
                                    

Unicode Version

Ringing

Ringing

Alarmသံအရ မနက် ခြောက်နာရီ ထိုးပြီထင်ပါရဲ့။

လူက အိပ်ယာထဲတွင်သာ လှဲနေတာ.... တကယ်က တစ်ညလုံး အိပ်မပျော်ခဲ့။


ဘယ်လောက်တောင် ငိုခဲ့လဲဆို ယခုချိန်ထိကို  ခေါင်းအုံးတစ်ခြမ်းက စိုစွတ်နေဆဲ။ ရင်ဘတ်ထဲတွင်လည်း တဆစ်ဆစ်ကို နာကျင်နေမြဲ။

Hyung.... သူ ရက်စက်သည်။

ကျွန်တော့်ကို သူ ဘာကြောင့်များ မယုံရတာပါလိမ့်။ ကျွန်တော်က အဲ့သည့်လောက်တောင် ယုံကြည်ချင်စရာ မကောင်းတဲ့ လူလား.....

မတရား အစွပ်စွဲ ခံခဲ့ရသဖြင့် ခံပြင်းသည်။ စွပ်စွဲသူက Hyungဖြစ်နေသည့်အတွက် ဝမ်းနည်းသည်။ ပြီးတော့.... Hyungကို ကြောက်သည်။

ဟင်းးးးးး

တကျီကျီ မြည်နေသော alarmကို ပိတ်ကာ အိပ်ယာမှ မထချင် ထချင်နှင့် အားယူ ထလိုက်သည်။

ဖြစ်နိုင်လျှင် သည်နေ့ ကျောင်းတောင် မသွားချင်။ မသွားလို့ကလည်း မဖြစ်။ စာတွေ လွတ်သွားလျှင် ပြန်လိုက်ဖို့က မလွယ်။ အထူးသဖြင့် သင်္ချာ....

"အချို့ နာကျင်မှုတွေက သားအတွက် လတ်တလောသာ ကြီးလွန်းတယ်ထင်ရတာ။ နောက်တစ်ချိန် ပြန်တွေးကြည့်လိုက်ရင် ပမွှားလေးတွေ ဖြစ်သွားလိမ့်မယ် သားလေး..... နာကျင်စရာရှိ နာကျင်လိုက်။ ဒါပေမဲ့ အဲ့ဒီနာကျင်မှုရဲ့ ဝါးမြိုတာကိုတော့ မခံနဲ့။ Appaပြောတာ သားလေး နားလည်တယ်မလား"


Appa တစ်ချိန်က ပြောဖူးသော စကားများ....

Appaပြောသည့်အတိုင်းပဲပေါ့။ Hyungကြောင့် ဝမ်းနည်းသည်က တစ်ကန့်၊ ကျောင်းတက်ရမည်က တစ်ကန့်ပင်။ ရောထွေးလိုက်လို့မဖြစ်။

ကျောင်းပြီးသည်နှင့် သည်အိမ်ကြီးမှ ကျွန်တော် ရုန်းထွက်ပစ်မည်။ အထူးသဖြင့် Hyungဆီမှ...


အဲ့သည်လိုသာဆို Hyung ပျော်မှာမလား....
ကျွန်တော်သာ မရှိလျှင်  Hyung အဆင်ပြေပြီမလား.....


~~~~~~~~~~~~~~~

"ချာဂျီဟွန်း!! တွက်ထားတာတွေ အကုန် မှားနေတယ်။ စိတ်နဲ့လူ မကပ်ဘူးလား။ စာကို စိတ်မဝင်စားတော့ဘူးလား ဟမ်။ ဘာလို့ အဲ့ဒီလောက်တောင် ကြိုးစားချင်စိတ်မရှိရတာလဲ!"



Once upon in April (boyxboy)CompleteWhere stories live. Discover now