Part(19)

244 31 1
                                    

Unicode Version

"ဒါဆို Hyungက ဒီကို အလည်လာတာပေါ့။ ဘယ်တော့ ပြန်မှာလဲဟင်"


"မနက်ဖြန်"


မနက်ဖြန်.... Hyungက မနက်ဖြန် ပြန်မှာတဲ့လား... 

လူက ငိုချင်ချင် ဖြစ်လာ၏။ Hyungကို ကျွန်တော် မပြန်စေချင်သေး။

"တစ်ရက် နှစ်ရက်လောက် ထပ်နေပြီးမှ ပြန်လို့မရဘူးလားဟင်"

"မရလို့ပေါ့ ကောင်လေးရယ်။ ကိုယ်လည်း ဆက်နေချင်တာပေါ့"

"....."

"တိတ်သွားလှချည်လား။ ကိုယ် ပြန်တော့မယ်ဆိုလို့ စိတ်မကောင်း ဖြစ်နေတာလား"

ကျွန်တော် ခေါင်းသာ ညိတ်ပြလိုက်သည်။

စကားမပြောချင်တော့....  လူက ဝမ်းနည်းတာပဲ သိသည်။ ရင်ထဲ လေးလံကာ ငိုချင်နေ၏။


"ကိုယ် အားတိုင်း လာလည်မယ်လေ"


"Hyungက ဘယ်တော့မှ အားမှာလဲ။ နောက် ဆယ်နှစ်နေမှလား"

စူပုပ်ပုပ်ဖြင့် ပြောလိုက်လေတော့ Hyungက ကျွန်တော့်ပါးအား လာဆွဲ၏။

"နာတယ်ဗျ"

"နာအောင် ဆွဲတာပဲဟာ။ နာမှာပေါ့ကွ"


"Hyung အသားမဟုတ်တိုင်း သူများ အသားကို"

"သူများ အသားမို့လို့ ဆွဲတာပေါ့ကွ။ ကိုယ့်အသားကိုတော့ အနာခံပြီး ကိုယ်က ဆွဲပါ့မလား"

ခုချိန်ထိကို မလွှတ်ပေးသေးဘဲ ပိုတိုးလို့ ဆွဲလာသောကြောင့် Hyungလက်ဖျံကို အားကုန် ကိုက်ပစ်လိုက်လေတော့ Hyungက ကျွန်တော့်အား အားပြင်းပြင်းနှင့် ဆောင့်တွန်း၏။


"Tsk မင်း ဘာလုပ်တာလဲ။ မကြိုက်ရင်လည်း မကြိုက်ဘူးလို့ မင်းပါးစပ်က ပြောပါလား"


ပါးအဆွဲ ခံရသူက ကျွန်တော်ပါ။ အတွန်းခံလိုက်တာလည်း ကျွန်တော်ပါပဲ။ အားပြင်းလွန်းသောကြောင့် အရှိန်ဖြင့် လဲသွားရာမှတောင် ပြန်မထနိုင်သေး။



"ဆောရီး။ အဆင်ပြေရဲ့လား.... မင်း ကိုယ့်အသားကို နာအောင် မလုပ်ခဲ့သင့်ဘူး"


Once upon in April (boyxboy)CompleteWhere stories live. Discover now