Part(3)

663 60 6
                                    

Unicode Version

"Hyung... ထီးမပါဘူးလား? ကျွန်တော့်ရဲ့ထီး ယူလိုက်နော်။ မိုးက အရမ်းသည်းတယ်။ ဖျားလိမ့်မယ်"

"Tsk ရင်ထဲက မပါတဲ့ စကားတွေကို ဟန်ဆောင်ပြီး ပြောမနေစမ်းပါနဲ့။ မင်း ပင်ပန်းမယ်။ မင်းဆီက ထီးကို ယူမယ့်အစား မိုးစိုပြီးပဲ အဖျားခံလိုက်တော့မယ်။ ဘာလို့လဲ သိလား။ မင်းရဲ့ လက်နဲ့ ထိထားတဲ့ ပစ္စည်းမို့.... လို့"

နား နားသို့ ကပ်ကာ တစ်လုံးချင်း ပြောသွားသော စကားလုံး သုံးလုံး။ သနလို့တဲ့လား.......

ပြောသည့်သူက အနားမှ ထွက်သွားသည့်တိုင် အပြောခံလိုက်ရသော ကောင်လေးခမျာတော့ ထိုနေရာ၌ပင် မလှုပ်မယှက် တောင့်တောင့်ကြီး ရပ်နေဆဲ....

နာကျင်လွန်း၍ ထင်ပါရဲ့။ မျက်နှာကို လက်ဖဝါး သေးသေးလေးများဖြင့် အုပ်ကာ တရှုံရှုံ့ ငိုရှိုက်နေရှာ၏။

ထိုကောင်လေးနှင့် ထပ်တူ ဝမ်းနည်းနေသူက ကျွန်တော်.......
ဘာလို့များ ရင်ဘတ်ထဲက တဆစ်ဆစ် နာကျင်နေရပါလိမ့်။


အနှီ အိပ်မက်မှ နိုးလာလေတော့ ကျွန်တော့်  မျက်နှာနှင့် ကပ်နေသော ခေါင်းအုံး တစ်ခြမ်းလုံးဟာ မျက်ရည်များ ရွှဲနစ်လို့။ ပူနွေးနွေး မျက်ရည်စက်များမှာလည်း ယခုထိတိုင် ကျွန်တော့် ပါးပြင်ထက်တွင် လတ်ဆတ်နေဆဲ။ ရင်ဘတ်ထဲတွင်လည်း တဆစ်ဆစ် နာကျင်နေမြဲ။

ဤအရာဟာ အိပ်မက်တစ်ခုသာ။ ဘာလို့များ သည်လောက်တောင် ဝမ်းနည်းပက်လက် ဖြစ်နေရပါလိမ့်။


ထိုအိပ်မက်ကြောင့် ထင်ပါရဲ့...
ကျွန်တော်ဟာ ဘဝမှာ ပထမဦးဆုံးအကြိမ် ရှိုက်ကြီးတငင် ငိုပြီး အိပ်ရာက နိုးလာခဲ့တယ်။



အိပ်ရာမှ နိုးလာကတည်းက နောက်ကျိနေသော  ခေါင်းကြောင့် လူက စိတ်မကြည်။ အရမ်း ငိုခဲ့၍လား မသိ။ နုံးချိကာ မှိုင်တွေနေ၏။


Once upon in April (boyxboy)CompleteWhere stories live. Discover now