Part(22)

234 31 0
                                    

Unicode Version

"ဘာတွေ လိုက်ရှာနေတာလဲ"

နောက်ကျောမှ ထွက်ပေါ်လာသော အသံကြောင့် လူက လန့်သွား၏။

သြရှရှ အသံ ပိုင်ရှင်ဟာ Hyungမှန်း နောက်လှည့်ကြည့်စရာပင် မလိုဘဲကို သိ၏။  ခွေးချီသွားလျှင်တောင် သူ့အသံကို ကျွန်တော် ကောင်းကောင်းကြီးကို မှတ်မိသည်။


နေပါဦး။ Hyungက ဒီကို ဘယ်လိုလုပ်ပြီး.....


"ဟေ့ကောင်လေး မတ်တတ်ကြီး မေ့နေတာလား"

နောက်လှည့်မကြည့်ဘဲ တောင့်တောင့်ကြီး ရပ်နေသော ကျွန်တော့်ကို Hyungက စိတ်မရှည်တော့ဘူးထင်ပါရဲ့။ ကျွန်တော့််ရှေ့တည့်တည့်သို့ လျှောက်လာကာ လူကို မျက်မှောင်ကြီး ကြုတ်ပြီး ကြည့်နေ၏။


"ဟို...  Hyungက ဒီကို ဘယ်လိုလုပ်ပြီး....."

"ဒရိုင်ဘာ ဦးလေးကြီးက သူ့မိန်းမ နေမကောင်းလို့ အိမ်ပြန်သွားတယ်။ သူ့အစား မင်းကို ကျောင်းကြိုပေးပါဆိုလို့"



"သြော်...."

ဆက်မပြောတော့ဘဲ တိတ်ဆိတ်နေသော ကျွန်တော့်ကို Hyungက အလိုမကျဟန်တို့ဖြင့် ကြည့်နေပြန်၏။


အင်းပေါ့လေ.... သူ့အတွက်တော့ ကျွန်တော်က အရှုပ်ထုပ်လို ဖြစ်နေမှာပေါ့။



"ဘာ သြော်လဲ။ ဘာလဲ မင်းက ကိုယ်လာကြိုတာ မကြိုက်လို့လား"



မကြိုက်စရာလား.... ကျွန်တော်က ကြိုက်လွန်းလို့ကို ခက်နေသည်ကို သူက မသိ။


"မဟုတ်ပါဘူး Hyungရာ။ ကျွန်တော် ကြိုက်တာပေါ့။ ဒါပေမဲ့ ကျွန်တော့်ကြောင့် Hyung ဝန်ပိမှာကို ကြောက်တာပါ"


သည်လို ပြောလိုက်လေတော့ သူက ခပ်မဲ့မဲ့ ပြုံး၏။

မကြိုက်....အနှီ အပြုံးတွေကို ကျွန်တော် လုံးဝကို မနှစ်ခြိုက်ပေ။ ယခုလို ခပ်မဲ့မဲ့ အပြုံးတွေ ပြုံးပြမည့်အစား ကျွန်တော့်ကို မပြုံးပြတာကမှ တော်ဦးမည်။



"သိရင်လည်း ပြီးတာပဲ။ ဝန်မပိစေချင်ရင် ဝန်ပိုကြီးဖြစ်အောင် မနေနဲ့ပေါ့ကွာ"


Once upon in April (boyxboy)CompleteWhere stories live. Discover now