Part(10)

264 37 9
                                    

Unicode Version

"ရားးးး  လီဟွန်း။  မင်း ဘယ်မှာလဲ။ မင်း အိမ်ထဲမှာ ရှိမှန်း ငါသိတယ်နော်။  ထွက်လာခဲ့"

အိမ်အောက်ထပ်မှ  အသံစူးစူးကလေး။ ယောင်ရှင်း....  သည်ကောင်လေး  ကျွန်တော့် အိမ်ကို ဘာလာလုပ်တာပါလိမ့်။

အခန်းထဲမှ အသည်းအသန် ထွက်ကာ အောက်ထပ်သို့  အပြေးအလွှား ဆင်းလိုက်လေတော့  တွေ့လိုက်ရပါပြီ။ လူပု စိတ်တိုလေး.... သည်တစ်ခါလည်း ဒေါပွနေပြန်ပြီ။


"ရား လီဟွန်း  ဒီနေ့  ဘာလို့ တောထဲ မလာတာလဲ"


ဒေါသတကြီး ပြောကာ ကျွန်တော့်ထံသို့  ဦးတည်လာသော ခြေလှမ်းကျဲများ.....  အနှီကောင်လေး တစ်လှမ်း တိုးလာလေ  ကျွန်တော်လည်း  အနောက်သို့  တစ်လှမ်း ဆုတ်လေနှင့်   ကျွန်တော်တို့ အဖြစ်က  ဒရမ်မာထဲမှ  မင်းသားနှင့် မင်းသမီးအလား....


"ရား  လီဟွန်း  ဘာကိစ္စ အနောက်ကို ဆုတ်ဆုတ်သွားရတာလဲ"

"......."

"ကြည့်။ မဆုတ်ပါနဲ့ဆို။  မင်း ဘာဖြစ်နေတာလဲ ဟမ်"

"......."


"အ နေတာလား။  စကား ပြန်ပြောလေ။ မနေ့ကကျ ပေါက်ပန်းလေးဆယ်တွေ  ပြောသွားပြီး...  ငါ မင်းကို အဲ့ဒီကိစ္စ ကြည်သေးတာမဟုတ်ဘူးနော်"

"ယောင်ရှင်းရ....  အဲ့ဒါ ပေါက်ကရ မဟုတ်ဘူး။  တကယ်...  အဲ့ဒါတကယ်။ အမှန်တရားတွေ"

"အရူးကိုပဲ သွားပြော။  ဆောရီးကွာ ငါကတော့  မယုံပေးနိုင်ဘူး"

"ငါ ဘာလုပ်ပေးရမလဲ ယောင်ရှင်း"


သည်လို မေးလိုက်လေတော့  ကျွန်တော့်အား  မျက်မှောင်ကြီး ကြုတ်ကာ ပြန်ကြည့်နေပြန်၏။  သူ့အတွက်လည်း  ယုံရခက်နေမည်ဆိုတာ ကျွန်တော် နားလည်သည်။ သို့သော်လည်း မတတ်နိုင်။


"ရတယ်လေ။ ငါ ကိုယ်တိုင် အတည်ပြုမယ်။ လာ  မင်းလိုက်ခဲ့"

အပြောထက်ပင်  အပြုအမူက ပိုမို မြန်ဆန်စွာ ကျွန်တော့်လက်ဆွဲကာ  ကားပေါ်သို့   အတင်း တက်ခိုင်းပြန်၏။   တကယ်ကို ယောင်ရှင်းစိတ်ဟာ  လက်တစ်ဆစ်ရယ်ပါ။


Once upon in April (boyxboy)CompleteWhere stories live. Discover now