Part(11)

267 41 25
                                    

Unicode Version

လွမ်းသည်။ သူ့ကို လွမ်း၏။ လွမ်းစိတ်တို့ သက်သာလို သက်သာငြား လက်ချောင်းတို့ကို စန္ဒရားထက် ပြေးလွှားစေလိုက်သည်။ အနှီဘက်ကို အာရုံရောက်နေလျှင် အနည်းငယ်တော့ လွမ်းစိတ် လျော့သွားမည်ထင်ပါရဲ့။



"Fur Elise"....... ပါရမီရှင်ကြီး Beethoven၏ အကျော်ကြားဆုံး လက်ရာများထဲမှတစ်ခု။ တေးသွားလေးများဟာ ပွင့်လန်းခါစ ပန်းတစ်ပွင့်အလား နူးညံ့၏။ ဆွဲငင်နိုင်၏။ တစ်စထက်တစ်စ မြန်ဆန်လာသော စည်းချက်တို့မှာလည်း အားမာန်ပြည့်ဝလှသည်။ နူးညံ့မှုနှင့် တက်ကြွမှု.... အနှီအရာနှစ်ခုအား အချိုးအစား လှပစွာ ပေါင်းစပ်ထားသည်ကိုက  ၎င်း၏ ထူးခြားမှု ဖြစ်သည်။


ဖျောင်း ဖျောင်း

ကျွန်တော့်ရဲ့ တေးသွားအဆုံးဝယ် ထွက်ပေါ်လာသော လက်ခုပ်သံလေး.....

"ဦးလေးကြီးရာ လက်ခုပ်တီးပေးစရာ မလိုပါဘူး။ ကျွန်တော် လက်သံက ဦးလေးကြီး လက်ခုပ်တီးပြီး အသိအမှတ် ပြုရလောက်တဲ့အထိ မကောင်းသေးပါဘူးဗျ"


ပြောရင်း ကျောပေးထိုင်နေရာမှ အနောက်သို့ လှည့်ကြည့်လိုက်လေတော့ မြင်လိုက်ရသူက ဦးလေးကြီးမဟုတ်ဘဲ ယောင်ရှင်း ဖြစ်နေ၏။

ဘုရားသခင်....  ကျွန်တော်ပဲ  အမြင်မှားနေတာလား။  ယောင်ရှင်း   သည်ကောင်က  ကျွန်တော့်ဆီကို  လာစရာ အကြောင်းမှ မရှိတာ။   လာလျှင်တောင်  ပြုံးပြနေစရာ အကြောင်း မရှိဘူးလေ။   ကြည့်ပါဦး  ယခု ကျွန်တော် မြင်နေရသည့်  ယောင်ရှင်းက  ပြုံးနေတာများ   ပါးစပ်ပင် နားရွက် တက်ချိတ်တော့မည်။  ကျွန်တော် ရူးသွားတာများလား.....



"ဘာတွေ  ကြောင်ကြည့်နေတာလဲ။ ဟိုဘက်တိုးလေ"


Pianoရှေ့ရှိ  ကျွန်တော်ထိုင်နေသော  ခုံတန်းရှည်လေးကို မေးငေါ့ပြကာ  တစ်ဖက်သို့  တိုးခိုင်းနေပြန်၏။   ကြောင်တောင်တောင်နှင့်  ရောယောင်ကာ တိုးပေးလိုက်မိတော့  တစ်ချက်ပြုံးကာ ဝင်ထိုင်၏။


Once upon in April (boyxboy)CompleteWhere stories live. Discover now