Part(38)

388 36 4
                                    

Unicode Version

"ဟွန်းငယ်ရေ  မင်းကို  ကိုယ် အရမ်း ချစ်တယ်။  အရမ်း  အရမ်း.... အရမ်းကို ချစ်တယ်"


ခပ်တိုးတိုး စကားသံတို့ကို အိပ်ပျော်နေသော ကလေးငယ်ကတော့ ကြားလိမ့်မည်မဟုတ်။ 

နဖူး ပြေပြေလေးပေါ်သို့  ခြွေချလိုက်သော ပူနွေးနွေး အနမ်း တစ်ပွင့်ကိုလည်း အိပ်မောကျနေသော မင်းသားလေးက  တစိုးတစိလေးတောင်  ခံစားမိပုံ မရ။


"မင်းကို ကိုယ် ချီပြေးသွားရင်တောင် မင်း နိုးပါ့မလားပဲ ဟွန်းငယ်"


အားယူ ပြုံးရင်း  ကလေးငယ်၏ မျက်နှာ ချောချောလေးကို  ဘေးမှ ငေးကြည့်နေမိပြန်သည်။


နှဖူးပြေပြေ၊ နှာတံချွန်ချွန်နှင့် ကလေးငယ်ဟာ အိပ်မောကျနေတာတောင်  မြတ်နိုးချင်စဖွယ်။  ဟစိ ဟစိဖြစ်နေသော နှုတ်ခမ်းလေးဟာလည်း လာနမ်းလှည့်ဟု ဖိတ်ခေါ်နေသယောင်။

"ကိုယ်တော့ မင်း နှုတ်ခမ်းတွေကို လွမ်းနေရတော့မှာပဲကွာ။  ကောင်းကောင်းနေခဲ့နော် ဟွန်းငယ်"

ဝဲတက်လာသော မျက်ရည်များကြောင့် ခေါင်းကို မော့ကာ မျက်တောင်များကို ပုတ်ခတ် ပုတ်ခတ် လုပ်နေမိသည်။ 

ကိုယ် မငိုချင်ဘူး ဟွန်းငယ်ရယ်.....


ကလေးငယ်အား နောက်ဆုံး တစ်ကြိမ် ကြည့်ကာ လူနာခန်းထဲမှ  တိတ်တိတ်ကလေး  ထွက်ရန် ပြင်လိုက်လေတော့  အနောက်မှ  သိုင်းဖက်လာသော လက်တစ်စုံ....


"ဘယ်ကို သွားဦးမလို့လဲ.... Hyungပဲ ကျွန်တော့်ကို  မထားသွားဘူးဆို"


ကျောပြင်ထက်ရှိ  ပူနွေးနွေး  ခံစားချက်အရ ကလေးငယ် ငိုနေပြီထင်ပါရဲ့။


"မင်းပဲ  လမ်းခွဲကြရအောင်ဆို။  မင်းပဲ ပြောခဲ့တာလေ"


"အဲ့ဒါက ကျွန်တော် မသိဘဲ ပြောမိတာ။ ကျွန်တော်တို့သာ ဘာမှ မတော်မှန်းသိရင်  ပြောပါ့မလား။ ကျွန်တော် Hyungကို  ဘယ်လောက်တောင် သဘောကျခဲ့ရလဲ"


"မရတော့ဘူး နောက်ကျသွားပြီ ဟွန်း။  ကိုယ် သွားမှ ရတော့မယ်"

Once upon in April (boyxboy)CompleteWhere stories live. Discover now