Part(26)

239 31 0
                                    

Unicode Version

"သုံးလုံးတည်းပါ Hyungရဲ့။ သောက်လိုက်ပါ"


"Tsk မသောက်ချင်ဘူးကွာ။ အဖျားလည်း ကျသွားပြီပဲ။ မသောက်လည်း ရတယ်"


"မသောက်လို့ မရဘူး Hyungရဲ့။ အန်တီယူရာက သေချာ မှာသွားတယ်။ ဆေးပတ်လည်အောင် သောက်ရမယ်တဲ့။ ပိုးသတ်ဆေးပါတော့ ဆေးပတ် မလည်ရင် ဆေးယဥ်သွားလိမ့်မယ်တဲ့"


သည်လိုပြောလိုက်လေတော့ Hyungက နှာခေါင်း ရှုံ့သည်။

"အဲ့ဒီပိုးသတ်ဆေး ပါလို့ကို မသောက်ချင်တာ။ ကဲ သွားပါကွာ။ ခဏလောက် မှေးချင်လို့"


"ဆေးသောက်ပြီးမှ မှေးပါလား Hyungရယ်။ ဆေးလေးတွေက Hyungရဲ့ ခန္ဓာကိုယ်နဲ့ ယှဥ်လိုက်ရင် သေးသေးလေးတွေပါ။ ရှလွတ်ဆိုပြီး သောက်လိုက်ရုံပဲ"


"Tsk မင်း မသောက်ရတိုင်း မစာမနာ မပြောနဲ့။ ပြီးတော့ ကိုယ့်ကို ဆရာ လာမလုပ်နဲ့။ မကြိုက်ဘူး။ ကောင်းကောင်း ပြောနေတုန်း သွားတော့"


ပြောချင်ရာကို ဖိုက်တာလို ဇွတ်ပြောကာ ကျွန်တော့်အား ကျောပေး လှဲလိုက်သော Hyungကို ဘယ်လိုလုပ်ရပါ့။


အဲ့သည်လောက်တောင် ဆေးတိုက်ရ ခက်လိမ့်မည်ဟု မထင်ထားခဲ့ရိုး အမှန်ပါ။ ကလေးပိစိတွေတောင် သူ့လောက် ဆေးတိုက်ရ ခက်လိမ့်မည်မဟုတ်။


"မသွားသေးဘူးလား။ နေမကောင်းတဲ့ သူရဲ့ ဘေးမှာ ဘာကိစ္စ သက်ပြင်းတွေ လာချနေတာလဲ။ နားညီးတယ်"


သက်ပြင်းလေး တိုးတိုးပဲ ချမိတာပါ။ သူက ဘယ်လိုတောင် ကြားသွားလဲ မသိ။

Knock knock

"Appaပါ။ ဝင်လာပြီနော်"

ပွင့်သွားသော တံခါးချပ်နှင့်အတူ Suitအပြည့်အစုံနှင့် ဝင်လာသော သူဟာ ကျွန်တော့်ကို မြင်သည်နှင့် ပြုံးပြ၏။


"သြော် Appaရဲ့ သားငယ်လေးက အွန်းလေးကို ဆေး လာတိုက်တာလား။ အဒေါ်ကြီး တိုက်မှာပေါ့ သားငယ်ရဲ့။ အဖျားတွေ ကူးကုန်မှဖြင့်"



"အဒေါ်ကြီးက မီးဖိုချောင်ထဲမှာ အလုပ် များနေတာနဲ့ ကျွန်တော်ပဲ လာတိုက်လိုက်တာပါ။ အဒေါ်ကြီး အားတဲ့ အချိန်ကျ ဆေးသောက်ချိန် ကျော်သွားမှာစိုးလို့"


Once upon in April (boyxboy)CompleteWhere stories live. Discover now