Part(5)

406 46 6
                                    

Unicode Version

"ငါ ဒီလိုလေးပဲ အိပ်ရင်း စောင့်နေလိုက်မယ်။  ပြီးရင်  ငါ့ကို နှိုးလိုက်နော် ယောင်ရှင်း"

အတော့်ကို မျှတသော  လီဟွန်းရယ်ပါ။ သူကတော့  သစ်ပင်  ပင်စည်ကို  မှီရင်း မြက်ခင်းပေါ်မှာ အေးအေးလူလူ ထိုင်ရုံသာမက  အိပ်ပါ အိပ်ဦးမည်။  ကျွန်တော့်ကိုကျ  သူ့ကို ကြည့်ကာ  ပုံတူဆွဲတဲ့လေ။  လူလည် ကျလွန်းမနေပေဘူးလား။

စိတ်ထဲ၌သာ  အဲ့သည်လို ကပ်သပ်တွေးနေတာပါ။   လက်ချောင်းတို့ကတော့  စုတ်တံနှင့်အတူ   ခရီးနှင်ပြီးနေလေပြီ။ 

သူတောင် ကျွန်တော် မေ့လဲသွားတုန်းက ကူညီပေးခဲ့သေးတာပဲလေ....  ကျွန်တော်လည်း  သည်လောက်တော့  လုပ်ပေးသင့်ပါရဲ့။   အပန်းလည်း မကြီးပါဘူး။ မညာတမ်း  ဝန်ခံရလျှင်  ကျွန်တော်လည်း  သူ့ပုံ ဆွဲရမည်ကို  စိတ်လှုပ်ရှားနေ၏။ ဤအရာက ကျွန်တော့်အတွက် ပထမဆုံးဆိုလျှင်လည်း  မမှားချေ။


သည်နေ့ ရာသီဥတု အတော် သာယာ၏။  မိုးသား မိုးရိပ်များ  ကင်းစင် ကြည်လင်နေကာ တိမ်စိုင်တိမ်လွှာ ဖြူဖြူကလေးများမှာလည်း  ဟိုယှက် သည်ဖြာနှင့်  ကောင်းကင်ပြာပြာထက်ဝယ် ပနံသင့်နေ၏။  လေပြည်လေညင်းလေးများကလည်း  နား နားကပ်ကာ  တိုးလိုး ကျီစယ်သွားကြပုံမှာ  ပကတိ  စိတ်ကြည်လင်ချင်စဖွယ်။


တောအုပ်ကလေးသည်   လူသူအရောက်အပေါက်နည်းသော်လည်း  သားရဲတိရစ္ဆာန်တို့  ကျက်စားရာ နယ်မြေတော့ မဟုတ်ချေ။   ထို့ကြောင့်လည်း မျောက်ကလေးများ၊ သမင်ကလေးများနှင့် အချို့သော  တောတွင်း တိရိစ္ဆာန်ငယ်ကလေးများ၏ စိတ်ကြိုက် ပျော်မြူးရာ ဌာနေလေး ဖြစ်နေလေ၏။

ယုန်ကလေးများကို  သည်တောထဲတွင်  မကြာခဏ တွေ့ရတတ်သည်။   ကိုရွှေယုန်ကလေးများက  ကျွန်တော့်ကို မြင်လျှင်  အနားက မခွာတတ်တော့သော်လည်း  လီဟွန်းကို မြင်လျှင်တော့  အနားကပ်ဖို့ မပြောနှင့်။   သူ့ရှေ့တောင်  ဖြတ်မပြေးရဲတော့ဘဲ   ဝေးဝေးရှောင်တတ်ကြ၏။  အချို့ဆိုလျှင်  ပြေးတောင် ပုန်းကြသေးသည်။  မခက်ပေဘူးလား။  သူကိုက  ရုပ်ဆိုးတာကိုး....



Once upon in April (boyxboy)CompleteWhere stories live. Discover now