Part(30)

288 33 1
                                    

Unicode Version

****ဒီအပိုင်းက နာမည်တွေနဲ့ နည်းနည်း ရှုပ်သွားမလားမသိ။ Revision ပြန်ပေးမယ်

လီယောင်ရှင်း=ကလေး
လီဟွန်း|ဗြော=hyung

မရှုပ်ကြနဲ့နော်😆****

~~~~~~~~~~~~~~~~


"ဗြော... မင်းက ဗြောမလား"

"ဘယ်က ဗြောလဲ။ လူမှားနေပြီ။ ပြီးတော့.... ခင်ဗျားက ဘယ်သူလဲ"


မျက်ခုံးတို့ တွန့်ချိုးရင်း မေးလိုက်မိသည်။

ထိုသူက ဘယ်သူများပါလိမ့်။ မြင်ဖူးသလိုလိုတော့ရှိသည်။ ယခု ရောက်နေသည့် နေရာကိုလည်း အကျွမ်းတဝင် ရှိနေသလိုပင်။

ဟောင်းနွမ်းနေသော ခန်းဆီးလိုက်ကာများ၊ ဖုန် အလိမ်းလိမ်း ထနေသော ကြမ်းပြင်နှင့် ညစ်ထေးနေသော မျက်နှာကျတ်....

တွေးကြည့်ခါမှ သည်နေရာက ဟွန်း သွားသွားနေသည့် အိမ်စုတ်ကြီးနှင့် ဆင်သလိုပင်။

"မင်းက Arjushiကို မမှတ်မိတော့ဘူးဆိုတော့ ယောင်ရှင်းကိုလည်း ဘယ်မှတ်မိတော့မလဲ....."


ဘာရယ်.... ယောင်ရှင်းဟု ကြားလိုက်သလိုပင်။ သူ ရည်ညွှန်းချင်သည့် ယောင်ရှင်းဆိုသူက ဟွန်းများလား....


"ယောင်ရှင်း... လီယောင်ရှင်းကို ပြောတာလား"

ထိုသူ၏ ဖျတ်ခနဲ တောက်ပသွားသော မျက်ဝန်းများဟာ ဟုတ်သည်ဟု ထောက်ခံနေသယောင်။

"ယောင်ရှင်းကိုကျ မှတ်မိတယ်ပေါ့။ ဒါဆို Arjushiကိုပဲ မင်း မမှတ်မိတာလား ဗြော"


သူ ဘာကို ဆိုလိုချင်တာပါလိမ့်။ ကျွန်တော် မမှတ်မိသေးသည့် အတိတ်က အကြောင်းအရာတွေများ ကျန်နေသေးတာလား....

"Arjushi ဆိုလိုချင်တာကို ကျွန်တော် နားမလည်ဘူး။ သေချာ ရှင်းပြပေးပါလား"

"ဘယ်ကစ နားမလည်တာလဲ ဗြော"


ဘယ်ဟာကိုမျှ နားမလည်တာဟုသာ ပြောလိုက်လျှင် သူ သွေးတက်သွားမလားမသိ။ တကယ်လည်း ကျွန်တော် တစ်ခုတလေလေးတောင် နားမလည်။


Once upon in April (boyxboy)CompleteWhere stories live. Discover now