Part(9)

226 35 8
                                    

Unicode Version

"ရား  ဆက်ပြောလေကွ"

ဟုတ်သည်။ စိတ်ကမရှည်ချင်တော့။ ပြောစရာရှိသည်ကို  ဆက်မပြောဘဲ   အထာကိုင်နေသော ကောင်စုတ်လေးကြောင့် ကျွန်တော့် သိလိုစိတ်တို့မှာ ယိုးတိုးယွတွနှင့်  ပိုမို ပြင်းပြလာ၏။

"တကယ်တော့လေ....  ငါက  လူမဟုတ်ဘူး"

ကြည့်။  သည်ကောင် ငစား။  လီဟွန်းတစ်ယောက်  ဒရမ်မာ ကြည့်တာတွေ  တကယ် လျှော့သင့်နေပြီ။


"လူမဟုတ်လို့  မင်းက ဘာလဲ။  ခွေးလား"


သည်လို ပြောလိုက်ပြန်တော့လည်း  မျက်နှာငယ်လေးနှင့်  ဘာမျှ  ခွန်းတုံ့ပြန်မလာတော့ဘဲ ခေါင်းငုံ့ထားသော ကောင်လေးကြောင့်   သူ့ငွေမှင်ရောင်  ဆံနွယ်ထက်တွင်  တွဲလွဲခိုနေကြသော  မိုးစက်ကလေးများခမျာ  အောက်သို့  အလျိုလျို  သက်ဆင်းကြရကုန်၏။ 

နေပါဦး။  ဒါဘယ်လို အခြေအနေကြီးပါလိမ့်။  အမြဲလိုလို တက်ကြွနေတတ်သည့်  ကိုယ်တော်ချောလေးက  ရုတ်တရက်ကြီး  ဘာထဖြစ်ရတာတုန်း။  သည်အခြေအနေကြီးနှင့်  တကယ်ကို  ကျွန်တော် အကျွမ်းတဝင်မရှိချေ။

"ရား  လီဟွန်း   မင်း ဘာတွေ ဖြစ်နေတာလဲ"

ဆဌမအာရုံဟုပင်  ပြောရလေမလား.... ကျွန်တော့် ရင်ထဲ  ခံစားချက်တို့ မကောင်း။   မကောင်းတာ တစ်ခုခု  ဖြစ်တော့မည်ဟူသော အတွေးကြီးက ခေါင်းထဲသို့   ဝင်ရောက်လာသည်။


"ဟုတ်တယ် ယောင်ရှင်းရ။  ငါက  တကယ် လူမဟုတ်ဘူး။ ငါကလေ....  အင်း.....  ငါက  ဝါဝါရိန်းဂျား အနက်ကောင်လေ သိတယ်မလား  ဟဲဟဲ"

ကျွန်တော့်ရဲ့ hoodieအမည်း ဝတ်ကာ ဟန်ပါပါနှင့်  ရယ်ကျဲကျဲပြောလာသော ကောင်စုတ်လေး..... 


ပြုံးသည်။  သူ အတောက်ပဆုံး ပြုံးပြနေ၏။  သို့တိုင်အောင်  ကျွန်တော် လိုက်မပြုံးနိုင်။  သူ တစ်ခုခု  မူမမှန်နေမှန်း ကျွန်တော် သိသည်။    သူ အဆင်ပြေမနေဘူး။  သူ့အပြုံးတွေက  တောက်ပသော်ငြား   အဆုံးသတ်တွင် မှေးမှိန်သွားသည်ကို  ကျွန်တော် မြင်ဖြစ်အောင်ကို  မြင်လိုက်၏။ ကျွန်တော်ပဲ  အတွေးလွန်နေတာ များလား......



Once upon in April (boyxboy)CompleteWhere stories live. Discover now