Part(33)

251 28 4
                                    

Unicode Version

***ဒီအပိုင်းက  ဥက္ကဌချာ(Hyung's dad)ရဲ့ POV onlyပါ***


~~~~~~~~~~~~~~

DNA ရလဒ်အရ ဂျီဟွန်းလေးဟာ ကျွန်တော့်သား အရင်းဆိုတာ သေချာသွားလေပြီ။

ကတိအတိုင်း ဟန်နီတို့ကို တာဝန် ယူရမည်။ ဟန်နီနှင့် ဆင်တူ လက်စွပ် ဝတ်ထားပြီး ဖြစ်သော်ငြား တရားဝင် လက်မထပ်ရသေး။ ဆိုး(လ်)ရောက်သည်နှင့် ဟန်နီနှင့် လက်ထပ်ရမည်။ အွန်းလေးကိုလည်း သည်ကိစ္စတွေ အသိပေးရမည်။

~
~
~

"အွန်းလေးကို Appa အသိပေးစရာရှိတယ်"


"မြန်မြန်ပြောပါ။ ကျွန်တော် နားချင်ပြီ"


"Appa.. ဟန်နီနဲ့ လက်ထပ်တော့မယ်"


ပြန်ရလိုက်သည်က အွန်းလေး၏ ခပ်မဲ့မဲ့ အပြုံး....

"ထင်ပြီးသားရယ်ပါ။ ဒါပဲမလား.... ကျွန်တော် နားတော့မယ်"


"နေဦး။ မပြီးသေးဘူး။ ပြန်ထိုင်"


မှုန်ကုပ်ကုပ်နှင့် ပြန်ထိုင်သော အွန်းလေးဟာ သူ့မိခင်လိုပင် စိတ်မရှည်တတ်ပေ။

"ဟန်နီ့မှာ Appaနဲ့ရတဲ့ သား တစ်ယောက် ရှိတယ်။ သူ ခဏနေရင် ရောက်လာလိမ့်မယ်။ အသက်က မင်းထက် တော်တော် ငယ်တာမို့ ညီလေးကို ကြင်ကြင်နာနာ ဆက်ဆံပေးပါ။ နောက်နောင် အတူတူ နေကြရမှာ"


"အာ...... အဲ့ဒီလို ကိစ္စတွေ ရှိခဲ့ဖူးတာလား။ မထင်ရဘူးနော်။ Appaက အလုပ် အလုပ်နဲ့ အကြောင်းပြပြီး ကလေးတစ်ယောက်တောင် ရအောင် စွမ်းဆောင်နိုင်ခဲ့တာပဲ။တွေးကြည့်မှ ကလေးက တစ်ယောက်တောင်ကရဲ့လား..... နောက်ထပ်များ ထပ်ပေါ်လာဦးမလား"



ခွပ်

ထောင်းခနဲ ထွက်သွားသော ဒေါသတို့ကို ထိန်းကွပ်မှုမဲ့စွာပင် ကျွန်တော် ဖွင့်ထုတ်လိုက်မိသည်။


"Haha Appaက ဟာသပဲ"

သွေးထွက်နေသော ညာဘက် ပါးပြင်ကို  လက်ခုံဖြင့် ခပ်ဖွဖွ သုတ်ရင်း ခပ်မဲ့မဲ့ ပြုံးကာ ကျွန်တော့် အနားမှ  ထွက်သွားသော အွန်းလေး.....


Once upon in April (boyxboy)CompleteWhere stories live. Discover now