Part(24)

230 29 0
                                    

Unicode Version

"သားငယ် ဘယ်နားထိသွားသေးလဲ ဟမ်"

ပျာပျာသလဲ ရောက်လာပြီး ကျွန်တော့််တစ်ကိုယ်လုံးကို စိုးရိမ်တကြီး သူ ကြည့်၏။ အကျအန ဝတ်ထားသော suitနှင့် သူဟာ  ကုမ္ပဏီမှ  အလောတကောဖြင့် ထွက်လာခဲ့ရပုံ....


"ကျွန်တော်က  ဘာမှ မဖြစ်ပါဘူး။  တကယ် ထိသွားတာက အတွင်းရေးမှူး ဦးလေးကြီးပါ"


ဟုတ်သည်။ ကျွန်တော်က အနောက်တွင် ထိုင်နေသူမို့  ဘာမျှမထိသွား။  တစ်ဖက်မှ  စည်းကမ်းမဲ့ မောင်းလာသော ကားကို ရှောင်ခဲ့ရသည်မို့  lover seatတွင် ထိုင်နေသော အတွင်းရေးမှူးဂိုကတော့  ညာလက် တစ်ဖက်လုံး  ကားမှန်ကွဲစတွေ စိုက်ကာ ချုပ်လိုက်ရသည်။



"ကျစ်   ဒရိုင်ဘာဟန်က  ကားကို ဘယ်လိုများ မောင်းနေတာလဲ။ ပေါ့ဆလှချည်လား"


ဒေါသတကြီး ဟောက်ဟန်းနေသော သူ့ကို ဒရိုင်ဘာ ဦးလေးကြီးကတော့  အကြိမ်ကြိမ်သာ တောင်းပန်နေရှာ၏။



"တကယ်က  ဟန်ဦးလေးကြီးရဲ့ အပြစ်လည်း မဟုတ်ဘူး သူဌေးရဲ့။ တစ်ဖက်က ကားက  မိးပွိုင့်မိနေရက်နဲ့ ဘလိုင်းကြီး ဆင်းချလာတာ။ ဦးလေးကြီးသာ  အရှောင် မမြန်ရင်  ကားနှစ်စီးလုံး တီပုံစံ တိုက်မိပြီး  အထိနာမှာ"

လေချိုအေးလေးနှင့် ပြောနေသော အတွင်းရေးမှူး ဂိုဟာ  ညာလက် တစ်ဖက်လုံးလည်း  ပတ်တီးများ ဖွေးလို့....



"မင်း အဆင်ပြေရဲ့လား အတွင်းရေးမှူးဂို...
မင်းကို  အိမ်က ဖိုင်တွဲတွေသာ သွားမယူခိုင်းခဲ့ရင် ဒီလိုတွေ ဖြစ်လာမှာ မဟုတ်ဘူး။ ဆောရီးကွာ"


"အာ မဟုတ်တာ သူဌေးရဲ့။  ဖိုင်တွဲတွေက  မနက်ဖြန် လုပ်မယ့် အစည်းအဝေးအတွက် အခရာပဲလေ။ ကျွန်တော်ကသာ တောင်းပန်ရမှာပါ။ တကယ်ဆို Taxiနဲ့ သွားလည်း ဖြစ်တာကို။ ဟွန်းလေးကို ကျောင်းကြိုတဲ့ ကားနဲ့ လမ်းကြုံ လိုက်မိလို့ ခုလိုတွေ ဖြစ်ရတာ"


တကယ်က  ဘယ်သူမှ မမှား..... ဘာကြောင့်များ  အပြစ်တွေ  ကိုယ့်ကိုယ်ကိုယ် တင်ကာ တောင်းပန်နေကြလဲ ကျွန်တော် နားမလည်တော့။



Once upon in April (boyxboy)CompleteWhere stories live. Discover now