Part(15)

262 35 17
                                    

Unicode Version

"ဒါဆို  မင်းက ဘာဆိုဘာမှကို မမှတ်မိတာပေါ့။  ဟုတ်လား ဟွန်း"


"အင်း......"

ကျွန်တော် လေးတိလေးကန်  ပြန်ဖြေလိုက်မိသည်။

နေပါဦး။ ယောင်ရှင်း... သူ ကျွန်တော့်ကို  ဘယ်လို ခေါ်လိုက်တာ။  ကျွန်တော်သာ နားကြား မမှားရိုးမှန်လျှင်  သည်ကောင်လေး  ကျွန်တော့်ကို 'ဟွန်း'ဟု  ခေါ်လိုက်သည်။  ဆန်းဆန်းပြားပြား  မခေါ်စဖူး အခေါ်ထူးနေပါလား...



"ဆ်ိုးလိုက်တာ။ ငါက  ပျင်းလို့  မင်း အကြောင်း စပ်စုမလားလို့"


လေပူ တစ်ချက် မှုတ်ထုတ်ရင်း ဆိုလာသော အကောင်ပေါက်လေး ကြည့်ရတာ အမှန်တကယ်ကို  ပျင်းနေသယောင်။  ပန်းချီလည်း မဆွဲချင်၊  ဘာဆိုဘာမျှ မလုပ်ချင်လောက်အောင်  ပျင်းနေသည်ဟု  ညီးတွားနေသော ကောင်လေး အပျင်းပြေအောင်  ကျွန်တော် ဘယ်လိုလုပ်ပေးရပါ့....


"အာ ဟုတ်သား။  မင်း ငါ့ကို အကြွေးတင်နေတာ မဆပ်ရသေးဘူးပဲ"


အကြွေး....  ကျွန်တော် ယောင်ရှင်းဆီက  ဘာအကြွေးမျှ  မယူခဲ့ဖူးပါဘူး။  အနှီကောင်လေး  ကျွန်တော့်ကို ဘယ်သူတွေနှင့်များ မှားနေပါလိမ့်။


"ဘာအကြွေးလဲ ယောင်ရှင်းရ"


"ရူးချင်ယောင် ဆောင်နေပြန်ပြီ။  ပြောပြီး မေ့နေပြီလား။ ဒါမှမဟုတ်  မေ့ချင်ယောင် ဆောင်နေတာလား ငဟွန်း"


ရော်  ခက်တော့ ခက်နေပါပြီ။ ကျွန်တော် အမှန်တကယ်ကို  မမှတ်မိတာပါ။  ယောင်ရှင်းတစ်ယောက်  ကျွန်တော့်ကို စွပ်စွပ်စွဲစွဲတွေ  သိပ်ပြောတာပဲ။ ဘယ်လို ကောင်လေးမှန်းကို မသိ။


"အူကြောင်ကြောင် လုပ်မနေနဲ့။ မင်းပဲ ငါ့ကို  သီချင်းဆိုပြမယ်ဆို။ တကယ်ကြီး  မေ့နေတာလား"

မျက်ခုံးတို့  တွန့်ချိုးရင်း  မေးလာသော ကောင်လေးဟာ  ဘာ့ကြောင့်ရယ်များ ကျွန်တော့်အတွက်  ချစ်စရာ ကောင်းနေပါလိမ့်။ တကယ်ပါ...  ယောင်ရှင်းသာ ကျွန်တော့် ညီလေးဆို ကျွန်တော် တုန်နေအောင်ကို  ချစ်မိမှာ။ မျက်စိအောက်ကကို  အပျောက်ခံနိုင်ပါ့မလားပဲ။


Once upon in April (boyxboy)CompleteWhere stories live. Discover now