Part(2)

1.2K 80 2
                                    

Unicode Version

Surprise!!!!! Mondayမှ upမယ်လို့ ပြောထားပေမယ့် ဒီနေ့ Surprise giftမရဖူးသူလေးတွေအတွက် surprise updateလေး ပေးလိုက်ပါတယ်။ Enjoy guys ❤️

~~~~~~~^~~~~~~~

"အဟက်   နှင်းဆီဖြူတွေကို ကြိုက်တယ်တဲ့လား။   ရယ်စရာတော့ အကောင်းသားနော်။  မင်းက  သူတို့နဲ့ ဆန့်ကျင်ဘက်ပဲ။  နှင်းဆီဖြူတွေက  ဖြူစင်သန့်ရှင်းသလောက်   မင်းကတော့.....   ဥာဏ်  များ   လွန်း  တယ်"

(Source from Pinterest Full credit to artist)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

(Source from Pinterest
Full credit to artist)

အနှီပုံကို ဆွဲနေစဥ်တစ်လျှောက်လုံး   သည်စကားတွေကိုချည်း  နားထဲ ကြားနေရတာ အဆင်မပြေလှ။   ခနဲ့တဲ့တဲ့  စကားသံတို့သည်  အထစ်အငေါ့မရှိ လျောလျောလျူလျူပင်။  မည်သူ့ကို ရည်ရွယ်ပြီး ပြောနေမှန်း မသိသော်ငြား  ကျွန်တော်က ကြားထဲမှ နာကျင်နေသည်။

မုန်းလိုက်တာ....

သည်အတောအတွင်း တစ်ညတစ်မျိုး  မရိုးရလေအောင်  မက်နေသော အိပ်မက်များကို   မုန်းသည်။  အနှီအိပ်မက်များကို  ပိတ်ကားထက်သို့   အသက်မသွင်းရမချင်း   နေမထိထိုင်မသာ ဖြစ်နေတတ်သော  ကျွန်တော့်ကို  ကျွန်တော်လည်း  မုန်း၏။

ဆို့နင့်နေသော ခံစားချက်တို့ သက်သာလို သက်သာငြား  လက်ထဲမှ  စုတ်တံကို  ခွက်ထဲသို့  ပြန်ထည့်လိုက်ကာ  ဘေးမှ  ကော်ဖီကို  တစ်ငုံခဲလိုက်လေတော့   ခွက်က  ဟာလာဟင်းလင်း.....။  

ဘယ်တုန်းကများ ကုန်သွားတာပါလိမ့်။  စိတ်က ပန်းချီထဲသာ  ရောက်နေသည်မို့   ကော်ဖီကို အရသာခံရင်းတောင် မသောက်မိခဲ့။   ကုန်လို့ ကုန်သွားမှန်းတောင် မသိဘဲ   သည်းကြီးမည်းကြီးကို  ကော်ဖီသောက်လိုက်၊ စုတ်ချက်တို့ကို  အလုပ်ပေးလိုက် လုပ်နေခဲ့မိတာလား။

Once upon in April (boyxboy)CompleteWhere stories live. Discover now