Part(23)

223 29 0
                                    

Unicode Version

"သားငယ် ထည့်စားလေကွ။ Appa သားငယ်လေးက ညှက်နေသလားလို့။ များများ စားပါကွ"


တို့ကနန်း ဆိတ်ကနန်း စားနေသော ကျွန်တော့်ကို အားမရတော့ဘူးထင်ပါရဲ့။

အားမရလည်း မရချင်စရာ။ ကျွန်တော့်ပန်းကန်ထဲက ထမင်းက ယခုချိန်ထိကို အရာမယွင်းသေး။


မတတ်နိုင်။ လူက စားချင်စိတ်မရှိ။ ဗိုက်ကဟာနေသော်ငြား မဆာ။


"ဟုတ်သားပဲ သားလေးရဲ့။ နေများ မကောင်းလို့လား။ ommaသားလေးက ငယ်ငယ်ကတည်းက  ချူချာတာ။ မှန်းစမ်း"


နဖူးပေါ်သို့ ကျရောက်လာသော သူ(မ)၏ လက်အေးအေးကြောင့်  နေရခက်လာသည်။

မလုပ်စဖူးတွေ အလုပ်ထူးနေသော သူ(မ)ကို  ကျွန်တော် ဘယ်လိုမှကို နားလည်ပေးလို့ မရချေ။



"ကိုယ်ကတော့ မပူပါဘူး။ အစာများ မကြေလို့လား။ သားလေး နေ့လည်က ဘာတွေများ စားမိသေးလဲ။ ကျောင်းမှာ ပေါက်ကရတွေများ  စားလာမိသေးလား"

ဒုန်း

ရုတ်တရက်ကြီး စားပွဲပေါ်သို့ တူကို ဆောင့်ချလိုက်သော Hyung....


"စားလို့ ပြီးပါပြီ။ အရင်ထပါတော့မယ်။ ဒါဆို အေးအေးချမ်းချမ်း သုံးဆောင်ကြပါ။ ခွင့်ပြုပါဦး"


Hyungက ခါးကို ကိုးဆယ်ဒီဂရီ ချိုးရင်း နှုတ်ဆက်ကာ အပေါ်သို့ တက်သွားသည်။


"သြော်... ဒါနဲ့  ပြောဖို့မေ့နေတာ။ Ommaလေ  သားလေး အခန်းထဲက ပန်းအိုးထဲမှာ နှင်းဆီဖြူတွေ ထိုးထားပေးတယ်သိလား။ သားလေးက နှင်းဆီဖြူတွေကို ကြိုက်တယ်မလား။ ဒီနေ့  ပန်းဆိုင်မှာ နှင်းဆီဖြူတွေကို မြင်တော့ သားလေးကို တန်းကို သတိရသွားတာ"



"ဟေ ဒါဆို သားငယ်က  ဟန်နီနဲ့ အကြိုက်ချင်း တူတာပဲ"



"အမေတူသားလေးလေ ကိုရဲ့"


ဘုရားသခင်.... အမေတူသားလေးဆိုပဲ။ မတူချင်ပါဘူး။ သူ(မ)နှင့် တစ်နေရာမှကို ကျွန်တော် မတူချင်တာ။

စိတ်ရှုပ်ရှုပ်နှင့် ထမင်းကိုသာ  ကုန်းစားနေလိုက်သည်။


Once upon in April (boyxboy)CompleteWhere stories live. Discover now