Part(14)

228 32 4
                                    

Unicode Version

"ဟဲ့ တစ်ရာ့ကိုးတစ်ရာ့တစ်ဆယ် နင် ငါ့ပစ္စည်းတွေကို အဲ့ဒီလို ပစ်စလက်ခတ် ပစ်မချနဲ့လေ"

"ဆန်ကုန်မြေလေး နင့်ထက် ငါ ကြီးတယ်နော်။ အကြီးကို ရိုရိုသေသေ ဆက်ဆံ"

"နှစ်မိနစ်လေး ပိုကြီးတာကို စကားထဲ ထည့်ပြောမနေနဲ့"

"နှစ်မိနစ်လည်း ကြီးတာက ကြီးတာပဲ"


အိမ်အပေါ်ထပ်မှ ဆူညံပူညံ အသံများကြောင့် အာရုံ ဆက်စိုက်လို့မရတော့။ သည်ပုံလေး အပြီးသတ်ချင်ပါတယ်ဆိုမှ အော်ကြီးဟစ်ကျယ် အသံတို့ကြောင့် စိတ်ပေါက်ပေါက်နှင့် စုတ်တံကို ခွက်ထဲသို့  'ခေါက်' ခနဲ မြည်အောင် ပစ်ထည့်လိုက်မိသည်။



ကြည့်ရတာ ommaပြောသည့် ကျေးဇူးရှင် နှစ်ယောက် ရောက်လာပြီထင်ပါရဲ့။ မကြာသေးမီကမှ ကိုရီးယားသို့ ပြန်ရောက်လာသော သူ့အသိ မောင်နှမ နှစ်ယောက်ကို ကျွန်တော့်ရဲ့ အိမ်မှာ တည်းခွင့်ပြုလိုက်ပါတဲ့လေ။


ရှုပ်ရှုပ်ယှက်ယှက်တွေ မကြိုက်ပါဘူးဟု ပြောပြီး ငြင်းတာတောင် လက်မခံ။ လူ မနေသည့် အပေါ်ထပ်မှာ နေကြမှာပဲဟာ၊ ကျွန်တော့်ခေါင်းပေါ်  ရွတ်ထားရတာမှ မဟုတ်တာတဲ့။


ငြင်းမရသည့်အဆုံး ဖုန်းချကာ ommaနှင့် အခေါ်အပြော  မလုပ်ခဲ့တာ သည်နေ့နှင့်ဆို သုံးရက်ပြည့်ပြီ။ သည်လောက် ဆန္ဒပြထားတာတောင် သင်းလေးတို့ နှစ်ယောက်က အိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ကို ရောက်လာသေး၏။



လူက ပန်းချီခန်းထဲ ရောက်နေသည်မို့   အိမ်ထဲသို့ ဝင်လာမှန်း သတိမထားမိခဲ့။ ဆူညံပူညံ အသံများ ကြားမှသာ  အခန်းထဲမှ  ထွက်လာမိခြင်း။


ကျွန်တော့်ကိုတောင် ခွင့်မတောင်းဘဲ ပိုင်စိုးပိုင်နင်းဖြင့် ပစ္စည်းတွေ ချနေကြပုံ ထောက်လျှင် ommaဆီမှ လျှို့ဝှက်နံပါတ် သိခဲ့ရပြီးပြီထင်ပါရဲ့။ ယဥ်ကျေးမှုမဲ့လိုက်ကြပုံများ။


Ommaဆိုသည်မှာလည်းလေ ကျွန်တော့် ခံစားချက်ကို ဘယ်တော့မှ ထည့်မတွက်တတ်။ အေးအေးဆေးဆေး နေလို၍ အမေရိကန်၌ တက္ကသိုလ် ဆက်မတက်သေးဘဲ ကိုရီးယားသို့ ပြန်လာကာ အနားလာယူပါသည်ဆိုမှ။ ယခုတော့ သူ့ကောင်းမှု အကြောင်းပြုကာ အရှုပ်ထုပ်တွေနှင့် နှစ်ပါးသွားရတော့မည်။


Once upon in April (boyxboy)CompleteWhere stories live. Discover now