Part(8)

243 38 0
                                    

Unicode Version

"မင်းမလား"

ကြောက်သည်။ သူ့၏ စူးရဲသော မျက်ဝန်းများမှာ အမှောင်ထဲဝယ် သွေးဆာနေသော သားရဲတစ်ကောင်အလား အရိုင်းဆန်နေ၏။


"မဟုတ်ဘူး။ မဟုတ်ပါဘူး Hyungရယ်... ကျွန်တော် မဟုတ်ပါဘူး"

တုန်ယင်မှုတွေနှင့် အနားကွပ်ထားသော တိုးလျလျ အသံကလေး..... ထိုကောင်လေးဟာ အရာမထင်မှန်း သိသော်ငြား သူတတ်စွမ်းသရွေ့တော့ ငြင်းရှာ၏။ အနှီကလေးဟာ ဘယ်သူများပါလိမ့်။



"အဟက် ဗြောင်လည်း ငြင်းတတ်တာပဲလား။ မင်းမဟုတ်လို့ ဘယ်ကောင်က အာ သွားချောင်ရဲမှာလဲ။ ငါ ဆေးလိပ်သောက်တာကို မင်းပဲ သိတာ။ အခုမှ စောက်ပိုတွေ လုပ်မနေနဲ့"

"ကျွန်တော် တကယ် မဟုတ်တာပါ Hyungရယ်......"


"တော်စမ်းပါ။  မင်း သိလား.... ယောကျာ်းဆိုတာ လုပ်ရဲရင် ခံရဲရတယ်။ ဟာကွာ ကုန်ကုန်ပြောမယ်။ ယောကျာ်းမှ မိန်းမမှရယ်လို့ မဟုတ်ဘူး။ လူဆိုတာဟာ လုပ်ရဲရင် ခံရဲရတယ်။ လုပ်ရဲပြီး မခံရဲတဲ့ မင်းက လူမှ ဟုတ်ရဲ့လား။ အာ...... ဆောရီး။ မင်းက မကောင်းဆိုးဝါးမှန်း ငါ မေ့သွားတယ်။ ကောက်ကျစ်ယုတ်မာလွန်းတဲ့ မကောင်းဆိုးဝါး အဟက်"


ရင့်ရင့်သီးသီးစကားတို့ အဆုံးဝယ် စီးကရက်တစ်လိပ်ကို လက်နှစ်ချောင်းနှင့် ဟန်ကျကျ ညှပ်ကိုင်ကာ မီးညှိနေပြန်သော ဆံဖြူကောင်လေးဟာ သည်တစ်ခါလည်း ကျွန်တော့်ကို နာကျင်မှုတွေ ထပ်မံ ပေးဦးမည်ထင်ပါရဲ့.....

အဟွပ် အဟွပ် အဟွပ်

ကံဆိုးစွာပင် ကျွန်တော့် အိပ်မက်တစ်ခုလုံးသည် ဆံဖြူကောင်လေး မှုတ်ထုတ်လိုက်သော ဆေးလိပ်ငွေ့တို့ဖြင့် မီးခိုး မှိုင်းတိုက်ခံလိုက်ရ၏။

အဟွပ် အဟွပ်

မွှန်လိုက်တာ...

အိပ်မက်တစ်ခုပင် ဖြစ်လင့်ကစား အပြင်တွင် ကိုယ်တိုင် ကြုံတွေ့နေရသည့်အလား မွန်းကြပ် မွှန်ထူစွာ ကျွန်တော် နိုးလာခဲ့၏။

နာကျင်သည်။ ဆံဖြူကောင်လေး ပေးသည့် ဝေဒနာများတွင် သည်တစ်ခါ ကျွန်တော် အနာကျင်ဆုံး ဖြစ်သည်။ သေချာသည်။ အနှီဒဏ်ရာဟာ သည်တစ်သက် ကျက်တော့မည်မဟုတ်။

Once upon in April (boyxboy)CompleteWhere stories live. Discover now